မင်းသမီး blog သည်သာမန် မှတ်တမ်း blog တခုသာဖြစ်ပါသည်
အန္တရာယ်ရှိတဲ့ ဓါတ်ရောင်ခြည် ပမာဏအကြောင်း သိကောင်းစရာ

Thursday, 17 March 2011 00:24 Editor

အာရှပစိဖိတ် ဒေသတွင်း အစိုးရတွေကို ပတ်ဝန်းကျင်မှာ ရေဒီယို ဓါတ်သတ္တုကြွ ပစ္စည်း ပါဝင်မှုပမာဏ radioactivity levels ကို တိုင်းတာ စစ်ဆေးမှု ပြုလုပ်ကြဖို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက တိုက်တွန်း နှိုးဆော်ထားပါတယ်။ ဂျပန် ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ နျူကလီးယား စွမ်းအားစက်ရုံ ပေါက်ကွဲပြီး လေထုထဲကို ဓါတ်ရောင်ခြည်တွေ ထုတ်လွှင့် ခဲ့ပြီးတဲ့နောက် အခုလို သတိပေး ထားတာပါ။

ဓါတ်ရောင်ခြည် radiation ကို sievert လို့ခေါ်တဲ့ အတိုင်းအတာကို အသုံးပြု တိုင်းတာပါတယ်။ လူသား တစ်ရှုးမျှင်များက စုပ်ယူလိုက်တဲ့ ဓါတ်ရောင်ခြည် ပမာဏကို တိုင်းတာပေးပါတယ်။

1 sievert ဟာ 1,000 millisieverts (mSv) ဖြစ်ပြီး 1 mSV မှာ 1,000 microsieverts ရှိပါတယ်။



ဓါတ်ရောင်ခြည်ပမာဏ မြင့်တဲ့အခါမှာ စိုးရိမ်ရတဲ့ ကျန်းမာရေး အန္တရာယ်အကြောင်း ဆိုင်ရာ အချက်အလက်တွေကို စုစည်း တင်ပြထားပါတယ်။

* ဂျပန် ကတ်ဘိနတ် အတွင်းရေးမှူး ယူကီအိုအီဒန်နို ပေါက်ကွဲခဲ့တဲ့ စက်ရုံနားမှာ ဓါတ်ရောင်ခြည် ပျံ့နှံမှု ပမာဏ 400 milllisieverts (mSv) အထိ ရှိခဲ့တယ်လို့ ပြောဆိုဖူးပါတယ်။ ဒါဟာ နျူကလီးယား ဓါတ်ပေါင်းဖိုနဲ့ ယူရေနီယံမိုင်းတွင်း လုပ်သားတွေ တစ်နှစ်မှာ စုဆောင်း ရရှိနိုင်တဲ့ ပမာဏထက် အဆ ၂၀ ပိုပါတယ်။
* သာမန် လူအများစုကတော့ တစ်နှစ်ကို သဘာဝ ပတ်ဝန်းကျင်က ဓါတ်ရောင်ခြည် 2-3 mSv ခံရပါတယ်။
*

ခန္ဓာကိုယ် ဓါတ်မှန် CT scan ရိုက်တဲ့အခါမှာ ရိုက်ခံရတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းဟာ လူကြီးမှာ 15 mSv, မွေးကင်းစ ကလေးဆိုရင် 30 mSv ပမာဏ ဓါတ်ရောင်ခြည်ကို လက်ခံရရှိပါတယ်။
ပုံမှန် ရင်ဘတ် x-ray ရိုက်တဲ့အခါမှာတော့ 0.02 mSv ရှိပြီး သွားတွေကို ဓါတ်မှန်ရိုက်တဲ့ အခါမှာ 0.01 mSv ရှိပါတယ်။
* ဓါတ်ရောင်ခြည် တစ်နှစ်ကို ပမာဏ 100 mSv ထိမှန် ခံရခြင်းဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ အနိမ့်ဆုံး အဆင့်ပါ။ 1,000 mSv (1 sievert) ပမာဏလောက် စုဆောင်း ရရှိပြီဆိုရင်တော့ လူ ၁၀၀ မှာ တစ်ဦးဟာ နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ ကင်ဆာရောဂါနဲ့ အသက်ဆုံးရှုံး နိုင်ပါတယ်။
* CT scan ၃ ခုလောက်မှာတော့ ကင်ဆာရောဂါ ဖြစ်စေနိုင်လောက်တဲ့ ဓါတ်ရောင်ခြည် ပမာဏ 90 mSv ထိမှန်ခဲ့ဖူးတဲ့ သက်သေ အထောက်အထား ရှိပါတယ်။ ဒီအချက်အရ လူကြီးတွေလည်း ဖြစ်နိုင်သလို ကလေးတွေက ပို ဖြစ်နိုင်ချေ များပါတယ်။
*

ဓါတ်ရောင်ခြည် ပမာဏ များလွန်းတဲ့အခါ၊ ဒါမှမဟုတ် တိုက်ရိုက် ထိမှန် ခံရတဲ့အခါ ဗဟိုဦးနှောက် အာရုံကြောစနစ်၊ သွေးနီဥနဲ့ သွေးဖြူဥတွေကို ပျက်စီးစေပါတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ် ခုခံကာကွယ်တဲ့စနစ် immune system အလုပ် မလုပ်နိုင်တော့ဘဲ ရောဂါပိုးမွှားတွေရဲ့ ကြီးစိုး ချယ်လှယ်မှုကို ခံရတော့တယ်။
ဥပမာ - ဓါတ်ရောင်ခြည် radiation ၁ ဆီဗာ့ (1,000 mSv) ပမာဏ ကို ထိမှန် ခံရတဲ့အခါမှာ ပျို့တက်လာမယ်၊ အန်မယ်၊ သွေးယိုမယ်၊ ဒါပေမဲ့ အသက်မဆုံးရှုံး နိုင်သေးပါဘူး။ ၅ ဆီဗာ့ (5 sieverts) လောက် တကြိမ်တည်း ထိမှန်ရရှိတဲ့ လူတ၀က်လောက်ဟာ တစ်လအတွင်း အသက်ဆုံးရှုံးရနိုင်ပါတယ်။
* ချာနိုဘိုင်း နျူကလီးယားပေါက်ကွဲမှုတုန်းက ၃၅၀ မိုက်ခရိုဆီဗာ့ (350 mSv) ပမာဏကို လူတွေ ရွှေ့ပြောင်းရမယ့် အဆင့်လို့ ကမ္ဘာ့ နျူကလီးယား အသင်းကြီးက သတ်မှတ်ထားခဲ့တယ်။
* ချာနိုဘိုင်းနဲ့ ဂျပန်နျူကလီးယားစက်ရုံတွေမှာ ၀န်ထမ်းတွေကို ထိခိုက် ဖြစ်ပွားခဲ့တဲ့ ရေတို ဓါတ်ရောင်ခြည် ထိခိုက်မှု very acute radiation ကတော့ ပြည်သူလူထု အများစုအတွက် မဖြစ်နိုင်ဘူးလို့ ဟောင်ကောင် တက္ကသိုလ်က ဓာတုရောဂါ ကျွမ်းကျင်သူ လမ်ချင်းဝမ်က ရှင်းပြပါတယ်။



1 Sievert =100 mRem

မောက္ခ ကျန်းမာရေးသတင်း

Source: the New England Journal of Medicine, World Nuclear Association and Taiwan's Atomic Energy Council
လက်နက်ကိုင်အင်အားစုများပြည်ပရောက်ဒီမိုကရေစီအင်အားစုများပူးပေါင်းလုပ် ဆောင်ရမည့် အလုပ်သင့်ဆုံးအလုပ် မှာ...



ကျွန်တော် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တွင် ဥရောပရောက်မြန်မာများ တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက်ပြီးနောက် နယ်စပ်ဒေသ တိုင်းရင်းသားများ၏ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council) ကို ဖွဲ့စည်းကြောင်း သတင်းထွက်လာခဲ့ပြန်သည်။ ပြည်တွင်း တွင်လည်း နအဖက စစ်အာဏာရှင် တည်တံ့နိုင်ရန် ကြိုးစားနေခဲ့သည်။ ထိုအခြေအနေ အရပ်ရပ်ကို ခြုံငုံသုံးသက်ပြီး ကျွန်တော့်အမြင်ကို တင်ပြလိုက်ပါသည်။



တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး

တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးသည် တပ်ပေါင်းစုများဖွဲ့ပြီး နိုင်ငံရေးအရ ပူပေါင်းလုပ်ဆောင်မှုများသာ အတိက်ကရှိခဲ့ပေသည်။ National Democratic Front (NDF) သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်ပေါင်းစုဖြစ်သည်။ Democratic Alliance of Burma (DAB) ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်ကြီး (မဒတ) သည် တိုင်းရင်းသားတပ်ပေါင်းစု NDF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အပါအဝင် မြန်မာအဖွဲ့အစည်းများပါဝင်သည့် ပိုမိုကျယ်ပြန့်သည့် တပ်ပေါင်း စုတခု ABSDF ဖွဲ့စည်းပြီး ရှေးမနှောင်းခင် ပေါ်ပေါက်လာခဲ့သော အဖွဲ့ကြီးဖြစ်သည်။ နောင် ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ နယ်စပ်သို့ထွက်ပြေးလာပြီးနောက် ၁၉၉၀ ရွေးကောက် ပွဲ ရလာဒ်ကို ခုတုံးလုပ်၍ အမတ် (၁၀) ယောက်ကျော်နှင့် NCGUB အစိုးရဖွဲ့သောအခါ ထိုအစိုးရကို ထိန်းညှိုရန် အမျိုးသားကောင်စီ (NCUB) National Council of Union of Burma ဆိုသည့် တပ်ပေါင်းစု တခု ထပ်ပေါ်လာပြန်ပါသည်။ ထို့နောက် NCUB တွင် NLD (LA), MPU တို့ ထည့်ပေါင်းပြီး NCGUB မှ နှုတ်ထွက်သွားခဲ့သည်။ NCUB နှင့်တခါ ၈၈ အုပ်စုတို့ဖြင့် Seven Alliance ကို ထပ်ဖွဲ့ပြန်သည်။



နောင် ဟန်ညောင်ရွှေ NCGUB ၏ ဥရောပ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက် ငွေကြေးထောက်ပံ့မှုများကို ရရှိလာသည့်အခါ ၎င်းရရှိသော ထောက်ပံ့မှုများဖြင့် ENC (Ethnic Nationalities Council) ဆိုသည့် တိုင်းရင်းသားလူမျိုးများ ကောင်စီကို တည်ထောင်၍ NCGUB မှ ခွဲထွက် တစင်ထောင်ပြီး တပ်ပေါင်းစုဖွဲ့လာခဲ့ပြန်သည်။



ထိုသို့ တပ်ပေါင်းစုများ မှိုလိုပေါက်လာခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ကြ၊ ၎င်းတပ်ပေါင်း စုများတွင် အဖွဲ့သီးသီးသည် ဒွေးယောယှက်တင်ပါဝင်လျှက်ရှိသည်။ တပ်ပေါင်းစု နာမည် အမျိုးမျိုးဖြစ်နေသော်လည်း ပါဝင်သည့်အဖွဲ့အစည်းများသည် များသောအားဖြင့် တူညီနေကြ သည်၊ ပါဝင်နေကြသည်။ အဓိကပြဿနာမှာ တပ်ပေါင်းစုများ ဖေါင်းပွလာနေခြင်းဖြစ်သည်။

ပထမဆုံး လုပ်ရမည့်အလုပ်မှာ ထိုဖေါင်းပွ ဖေါင်းကာလာနေသော တပ်ပေါင်းစုများကို ကျစ်လစ်ခိုင်မာသော တပ်ပေါင်းစုတခုတည်းဖြစ်ရန် ကျိုးစားအားထုတ်ရေးပင်ဖြစ်သည်။ ၂၀၀၆ ခုနှစ်လောက်က မဲဆောက်ရောက်စဉ် ဖဒိုမန်းရှာမှ ဖိတ်ကြားသဖြင့် NCUB အစည်း အဝေးသို့ ဧည့်သည်အဖြစ် တက်ရောက်ခဲ့ဘူးသည်။ အကြံဉာဏ်ပေးပါဆိုသဖြင့် NCGUB သည် အလုပ်မဖြစ်သည့် ဟန်ပြအစိုးရသာဖြစ်သည်၊ ၁၉၉၀ ရွေးကောက်ပွဲ အမတ်များ သက်သက်နှင့်သာ အစိုးရဖွဲ့ရမည်၊ အပြင်လူပါခွင့်မရဆိုသည်မှာ အဓိပ္ပါယ်မရှိ၊ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ကိုင်စွဲ၍ အစိုးရဖွဲ့ခွင့်ရှိခြင်းကို မငြင်းလိုသော်လည်း ထိုရွေးကောက်ပွဲ နိုင် အမတ်များသက်သက်သာ အစိုးရအဖွဲ့တွင်း ပါရမည်ဆိုသည်မှာ ခြံခတ်ထားသည့် လက်ဝါးကြီးအုပ် နိုင်ငံရေးဖြစ်သည်။ NCGUB သည် အစိုးရအင်္ဂါနှင့် မညီ၊ NCGUB ကို တိုးချဲ့ဖွဲ့စည်းရန်လိုသည်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများပါ ပါဝင်ဘို့လိုသည်။ ထို့ပြင် NCGUB အစိုးရတွင် ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်တပ်ရှိရမည်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များအားလုံး စုစည်း၍ ပြည်ထောင်စု တပ်မတော်ကို ထူထောင်သင့်သည်ဟု အကြံဉာဏ်ပေးခဲ့ဖူးပါသည်။ အစည်းအဝေးတက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ အများစုက ကျွန်တော်တင်ပြသည်ကို ထောက်ခံဆွေးနွေးပြီး NCGUB မှ ဒေါက်တာစန်းအောင်တို့က သူတို့ရပ်တည်ချက်ကို ခုခံကာကွယ်ခဲ့ကြပါသည်။ အချုပ်အားဖြင့် ကျွန်တော့အကြံပေးချက်ကို အများက လက်ခံခဲ့သည်။



ပြုပြင်ပြောင်းလဲရေး ကြိုးစားမှုများ

၎င်းဆွေးနွေးတင်ပြချက်ကို အခြေခံ၍ NCGUB ကို တိုးချဲ့ဖွဲ့စည်းရေးအဆိုကို ဒပ်ဗလင်တွင် ဆွေးနွေးကြရာ၌ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ပျက်ပျယ်သွားမည်ဟု အကြောင်းပြချက်ဖြင့် NCGUB အတွင်း ၁၉၉၀ ရွေးကောက်ခံမဟုတ်သည့် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်မှုကို အကြောက်အကန်ငြင်းဆန်ပြီး မဲခွဲဆုံးဖြတ်ရသည့် အခြေအနေထိ ဆိုက်ရောက်ခဲ့ရပြီး တိုးချဲ့သင့်သည်ဟူသည့်ဘက်မှ အနိုင်ရရှိသွားခဲ့သည်။ တိုးချဲ့ရန် ကော်မီတီဖွဲ့စည်းပေးခဲ့ပြီး မတိုးချဲ့ဘဲ အချိန်ဆွဲနေခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ ယ္ခုအခါ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်သွားပြီးဖြစ်သည်၊ ၂၀၁၀ ရွေးကောက်ပွဲမည်မျှပင် ညစ်စေ၊ ၂၀၁၀ ရွေးကောက်ခံအမတ်များလည်း ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ နအဖနှင့် ယှဉ်ပြိုင်အနိုင်ရလာ သည့် ဖိနှိပ်မှုများကြားမှ ရွေးချယ်ခံရသည့် တိုင်းရင်းသားအမတ်များနှင့် အတိုက်အခံအမတ် များကို တရားမဝင်ဟု မပြောနိုင်ချေ။ ၎င်းတို့သည် ပြည်သူမှ အမှန်တကယ်ရွေးပေးလိုက်သည့် သူများဖြစ်သည်။ ထိုအခါ ၁၉၉၀ ကို အသေဆုတ်ကိုင်၍ ပြည်ပတွင် ငါးယောက်တပိုင်း အစိုးရသည် တန်ဘိုးမဲ့ အစိုးရဖြစ်လာသည်၊ အဓိပ္ပါယ်မရှိတော့ဟုမြင်သည်၊ ဖျက်သိမ်းဘို့ အချိန်ရောက်ပြီဖြစ်သည်။



လပိုင်းလောက်က နယ်စပ်ကရင်နီပြည်နယ်တွင် ၁၉၉၀ အမတ်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ စုဝေး၍ လွှတ်တော်တရပ်ဖွဲ့စည်းသည်ဟု ကြားသိရသည်၊ သို့ရာတွင် နောက်ထပ်ဘာသံမျှ ဆက်လက်မကြားရတော့ချေ။ ယ္ခုလ ဖေဖေါ်ဝါရီ (၁၇) ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council) ကို ဖွဲ့စည်းကြောင်း သတင်းထွက်လာခဲ့ပြန်သည်။ ၎င်းအဖွဲ့တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းများ ပါဝင်နေသည်ကို တွေ့ရသည်၊ သို့ရာတွင် မြန်မာလူမျိုးစုတို့ ပါဝင်မှုမရှိကြောင်း တွေ့ရပြန်သည်။ ၎င်း (UNFC) သည် NDF နှင့် တိုင်းရင်းသား နိုင်ငံရေးအဖွဲ့များ ပေါင်းထားသည့် တပ်ပေါင်းစုတခုဖြစ်သည်။ မူလ NDF ကလည်း ဆက်လက်ရှိနေသည်။



NCUB ဖွဲ့စည်းစဉ်ကလည်း ၎င်းတွင် NDF,DAB,MPU,NLD(LA) တို့ ပါဝင်သည့် ပိုမိုကျယ်ပြန်သည့် တပ်ပေါင်းစုဖြစ်သည်။ သို့ရာတွင် မူလဖွဲ့ထားသော တပ်ပေါင်းစုများ ဖြစ်သည့် NDF,DAB တို့ကို ဖျက်သိမ်းခဲ့ခြင်းမရှိသဖြင့် ပိုမိုများပြားသော တပ်ပေါင်းစုများ ဖြစ်လာပြီး နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးမှုများ ဖြစ်လာခဲ့သည်။



အဓိက ပြဿနာမှာ အဖွဲ့အစည်းအသီးသီးက ရိုးသားစွာ တပ်ပေါင်းစုများ ဖေါင်းပွနေခြင်းမှာ မဖြစ်သင့်တော့ကြောင့် တပ်ပေါင်းစုတခုတည်းကိုသာ ယခုအချိန်တွင် ဦးတည်ဖွဲ့စည်းဖို့လိုကြောင်း ဝန်ခံဘို့လိုသည်။



ပထမအဆင့်အနေနှင့် NDF, DAB, NCUB, Seven Alliance, UNFC, Ethnic Nationalities Council (ENC) တို့ကို ဖျက်သိမ်းပစ်ဖို့လိုသည်။ မိမိနေရာပျောက်မည်စိုးသည့် အချောင်သမားစိတ်၊ ဖေါက်ပြန်ရေးသမားစိတ်ရှိသူတို့ကို ရှင်းထုတ်ပစ်ရမည့် အချိန်ရောက်ပြီ ဖြစ်သည်။ ထို့နောက် လူမျိုးစု တဖွဲ့ချင်းကို ကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များ အားလုံးကို ဖိတ်ကြား၍ တပ်ပေါင်းစု ကိုယ်စားလှယ်များအဖြစ် မဟုတ်ဘဲ မိမိလူမျိုး၊ မိမိအဖွဲ့အစည်းကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များအဖြစ် တက်ရောက်ပြီး ညီလာခံကြီး တရပ်ကို ကျင်းပရမည်။ ထိုညီလာခံကြီးမှ တခုတည်းသော ကျစ်လစ်ခိုင်မာသည့် တပ်ပေါင်းစု ကြီးကို ဖွဲ့စည်းရမည်။ ထိုတပ်ပေါင်းစုကြီးကို ယှဉ်ပြိုင်၍ တပ်ပေါင်းစု နောက်တခု ထပ်မဖွဲ့ရန် ပြင်းထန်တိကျသည့် မှုဝါဒကို ချမှတ်၍ တပ်ပေါင်းစုကြီးပြိုကွဲရန် ကြံရွယ်သူမှန်သမျှကို သုတ်သင်ရှင်းလင်းရဲရမည်၊ ထိုမှသာ အချောင်သမားများ၊ နေရာသမားများရန်မှ ကာကွယ် နိုင်မည်ဖြစ်သည်။



ထိုမှတဆင့် ထိုညီလာခံမှ အများရွေးချယ်မှုဖြင့် လွှတ်တော်အမတ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ တတ်သိပညာရှင်များဖြင့် NCGUB နေရာတွင် အစားထိုးနိုင်မည့် တိုက်ပွဲဝင်အစိုးရတရပ်ကို ဖွဲ့စည်းပြီး ထိုအစိုးရအောက်တွင် ပြည်ထောင်စုတပ်ကိုတည်ထောင်ရမည်။ ထိုပြည်ထောင်စုတပ်သည် တိုင်းရင်းသားလူမျိုးစု အားလုံးကို ကိုယ်စားပြုသည့် မြန်မာနိုင်ငံ အနာဂါတ်တပ်မတော် သန္ဓေတည်သည့် တပ်ဖြစ်ရည်မှန်းချက်ထားရှိရမည်။ ပြည်ထောင်စုတပ်သို့ ပူးပေါင်းလာရန်အတွက် သန်းရွှေလက်အောက်ခံ တပ်များအတွက်လည်း လမ်းဖွင့်ပေးသည့် အစီအစဉ်များ၊ ကြိုဆိုရေး၊ နေရာချထားရေး ကိစ္စများ အထိပါ ပြင်ဆင်ထားရမည်။



ထိုအဆင့်ဖြစ်လာလျှင် ပြည်တွင်းရှိ ကွန်ယက်အသီးသီးချိတ်ဆက်မှုဖြင့် ပြည်သူ့အုံကြွ မှုကြီးဖြစ်လာသည့်အခါ ပြည်ထောင်စုတပ်မှ မိမိနေရာဒေသအသီးသီးမှ ထိုးစစ်ဆင်ပြီး ပြည်တွင်းလှုပ်ရှားမှုကို မဖြိုခွဲနိုင်ရန် ဟန့်တားနိုင်ရမည်။ ပြည်သူ့ရင်ခွင်သို့ ဝင်လာသည့် ပြည်ချစ် တပ်မတော်သားများကို နွေးထွေးစွာ ကြိုဆို၍ ကြေးစားတပ်များကို ပြတ်ပြတ်သား သားတိုက်ခိုက်ကြရမည်။



တခုတည်းသော တပ်ပေါင်းစုကြီးမှ ဖွဲ့စည်းပေးလိုက်သော စင်ပြိုင်အစိုးရသည် နိုင်ငံတကာနှင့် နယ်စပ်ဒေသတွင် အင်အားအကြီးဆုံးနှင့် တပ်ထောက်ခံမှုရှိသည့် အစိုးရ ဖြစ်လာမည်။ ဤကဲ့သို့ ညီညီညွတ်ညွတ်လုပ်နိုင်ကြလျှင် ပြည်သူ့အုံကြွကြီးကို ဦးဆောင်ရာတွင် NLD ပါတီနှင့် တွဲ၍ ထိထိရောက်ရောက် လုပ်နိုင်မည်ဖြစ်သည်။



မဖြစ်နိုင်သည်မရှိ၊ ဖြစ်အောင်မလုပ်သေးသဖြင့် မဖြစ်သေးခြင်းဖြစ်သည်။ ယနေ့ မတ် ၄,၅ရက်တွင် ဖို့ဒ်ဝိန်းမြို့တွင် ညီလာခံတခုကို လုပ်ကြအုံးမည်၊ ထိုညီလာခံမှ လွှတ်တော်တရပ် ဖွဲ့စည်းလာရန် ကြိုးစားနေကြောင်းသိရသည်။ လုပ်ချင်စိတ်ရှိသူများ လုပ်နိုင်လျှင် ကန့်ကွက် ရန် မရှိပါ။ သို့ရာတွင် တင်ပြထားသည့်အတိုင်း လုပ်စားတပ်ပေါင်းစုများကို အရင်ဖျက်သိမ်းပြီး တခုတည်းသော တပ်ပေါင်းစု ဖေါ်ဆောင်ရေး မရှိဘဲနှင့် ပြုလုပ်ကြလျှင် အောင်မြင်နိုင်ရန် ဒုံးဝေးနေဦးမည်ဖြစ်သည်။ NCGUB အဖွဲ့အစည်းသည် တိုးချဲ့ရန်လည်းကောင်း၊ တည်ရှိရန် လည်းကောင်း မရှိသင့်တော့ချေ။ NCGUB အား ကျွန်ုပ်တို့မှ အသိအမှတ်မပြုတော့သည်မှာ နှစ်ကာလပင်ကြာမြင့်နေပြီဖြစ်သော်လည်း တရားဝင်အသိအမှတ်မပြုတော့ကြောင်း ယခုဖိုဒ် ဝိန်း အစည်းအဝေးမှ ထုတ်ဖေါ်ပြောကြလျှင် အမှိုတ်တခု ရှင်းသွားနိုင်ပါသည်။ ထိုမှတဆင့် တပ်ပေါင်းစုများအားလုံး ဖျက်သိမ်းပြီး တခုတည်းသော တပ်ပေါင်းစုကြီးဖြင့် ညီညွတ်ရေးကို တည်ဆောက်ပြီး ရှေ့တလှမ်းတိုးသင့်ပါသည်။



ထိုအခါ တပ်ပေါင်းစုမှ တခုတည်းသော နိုင်ငံခြားဆက်ဆံရေးဋ္ဌာန၊ ဘဏ္ဍာရေးဋ္ဌာန၊ နိုင်ငံရေးဋ္ဌာန၊ စီးပွားရေးဋ္ဌာန၊ ကျန်းမာရေးဋ္ဌာန၊ ပညာရေးဋ္ဌာနတို့ကို ဖွဲ့စည်းပြီး ကျွမ်းကျင် သူများ လွှတ်တော်ကိုယ်စားလှယ်များကသာ နေရာယူရမည်ဆိုသည့် မူကိုပယ်ပြီး တကယ်သိ၊ တကယ်တတ်၊ တကယ်နားလည်သည့်သူများကို ရွေးချယ်ခန့်ထားခြင်းဖြင့် နိုင်ငံတကာ ထောက်ခံမှု၊ စည်းစံနစ်ကျမှု၊ ပွင့်လင်းမြင်သာရှိမှုတို့ဖြင့် ပြီးပြည့်စုံသော စင်ပြိုင်အစိုးရတရပ် ပေါ်ပေါက်လာနိုင်မည်ဖြစ်သည်။



တဖက်မှလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်များကို ပူးပေါင်း၍ မိမိတပြည်ထောင် လွတ်လပ်ရေးထက် စုပေါင်းအားဖြင့် တနိုင်ငံလုံးလွတ်မြောက်ရေးဆိုသည့် အမျိုးသား ရည်မှန်းချက်ကို မူချ၍ ပြည်ထောင်စုတပ်မတော်ကြီးကို တည်ထောင်၍ တိုက်ပွဲဝင်မှ နိုင် မည်ဆိုသည့် အမြင်နှင့် ယုံကြည်ချက်ရှိဘို့လိုသည်။ နအဖတပ်တွင် တိုင်းရင်းသားပေါင်းစုံ ပါဝင် သည်။ ဗမာလူမျိုးသက်သက်နှင့် ဖွဲ့စည်းထားခြင်းမဟုတ်သည်ကို သတိပြုသင့်သည်။ ကျစ်လစ်ခိုင်မာသော တခုတည်းသော တပ်ပေါင်းစုအောက်တွင် ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရနှင့် ပြည်ထောင်စုတပ်မတော်သည် စစ်အာဏာရှင်စံနစ်ကို ထိရောက်စွာ ထိုးစစ်ဆင်နိုင်သော အင်အားစုကြီး ဖြစ်လာလိမ့်မည်။



မှိုလိုပေါက်နေသော အဖွဲ့အစည်းမျိုးစုံ၊ တပ်ပေါင်းစုမျိုးစုံတို့မှ ငါးပွက်ရာ ငါးစားချနေ သည့် (Proposal) ပရိုပိုဆယ်နိုင်ငံရေးဘဝမှ ရုန်းထွက်ပြီး (ALL inclusive) အများပါဝင် ပတ်သက်သော အစိုးရတရပ်အဖြစ် နိုင်ငံခြားထောက်ပံ့ငွေများကို စံနစ်တကျရယူပြီး အသုံးစားရိတ်၊ ကုန်ကျငွေ၊ ရငွေတို့ကို အများမြင်သာအောင် ဖေါ်ပြရင်း အများလက်ခံသော စင်ပြိုင်အစိုးရဘဝမှ ဒီမိုကရေစီတိုက်ပွဲကို ပြတ်ပြတ်သားသား ထောက်ခံမှုအပြည့်နှင့် တိုက်နိုင်မည်ဖြစ်ကြောင်း ရိုးသားစွာဖြင့် ကိုယ်ကျိုးမဖက်ဘဲ အမုန်းခံတင်ပြလိုက်ပါသည်။



ထွန်းအောင်ကျော်
Constitution Onscreen 2ndedition Corrected
ကော့မူးရာ ၀မ်းခါ စခန်းထိုင် အတွေ့အကြုံများ - အပိုင်း (၁)

စာဖတ်သူများခင်ဗျား

ကျွန်တော်တို့ “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်ဟာ ပြည်သူ့ဘက် ရပ်တည်တဲ့ တပ်မတော်သားများရဲ့ တင်ပြချက်များအပြင် ဒီမိုကရေစီရရှိရေးနှင့် တိုင်းရင်းသားအခွင့်အရေး များအတွက် တိုက်ပွဲဝင်နေကြသော KNU မှ တပ်ဖွဲ့ဝင်များ၊ ABSDF ကျောင်းသားတပ်မှ တပ်ဖွဲ့ဝင်များရဲ့ အတွေ့အကြုံ တင်ပြချက်များအား စဉ်ဆက်မပြတ် စုံစုံလင်လင် တင်ပြ နေပါတယ်။ ဒီကနေ့တော့ မကဒတ ကျောင်းသားတပ်မတော်တွင် နိုင်ငံခြားရေးဌာန တွဲဖက် အတွင်းရေးမှူး၊ ဗဟိုစစ်ရေးဌာနအဖွဲ့ဝင်၊ ဗဟိုစစ်ရေးဌာန တွဲဖက် အတွင်းရေးမှူးနှင့် ဗဟိုစစ်ရေးဌာန အတွင်းရေးမှူး၊ တောင်ပိုင်းစစ်ဒေသ ဒုဥက္ကဌ၊  ဗဟိုစည်းရုံးရေးဌာန အတွင်းရေးမှူး (ဗဟိုကော်မတီဝင်)၊ ပထမဆုံးသော မကဒတ ပေါင်းစည်းရေးကြိုးပမ်းမှု ကော်မတီဥက္ကဌ၊ ဗဟိုစည်းရုံးရေးဌာန အတွင်းရေးမှူး (ဗဟိုကော်မတီဝင်) စတဲ့ အရေးကြီး တာဝန်တွေကို ထမ်းဆောင်ခဲ့သော ကိုကျော်ထင်မှ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ တစိတ်တဒေသကို ဆောင်းပါးအဖြစ် ပေးပို့လာရာ စာဖတ် ပရိသတ်များအား တင်ပြပေးလိုက် ပါတယ်။

ဒီဆောင်းပါးမှာတော့ KNU စခန်းများထဲမှာ အတောင့်တင်းဆုံး စခန်းဖြစ်တဲ့ ၀မ်းခါ စခန်းကြီးအား စစ်အာဏာရှင်တွေဟာ ဆုံးရှုံးမှုကြီးမားစွာနှင့် ရင်းနှီးပြီးမှ တိုက်ယူရပုံနဲ့ စခန်းထိုင် အတွေ့အကြုံများအား ကိုကျော်ထင်မှ ရေးသားထားပါတယ်။ ယခုလို ကိုယ်တွေ့ ဖြစ်စဉ်တွေကို စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိစေဖို့ ပေးပို့လာတဲ့အတွက် ကိုကျော်ထင်အား အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် ပင်တိုင် ဆောင်းပါးရှင် အဖြစ် ဆက်လက် ပေးပို့သွားမည့် အတွက်လည်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။
 
တော်လှန်ရေးနဲ့ မေ့မရတဲ့ပုံရိပ်
 

ဆောင်းပါးရှင် - ကိုကျော်ထင်

ကျနော် ကျောင်းသားတပ်မတော်သားဘဝ ကြုံတွေ့ခဲ့ဖူးသော တိုက်ပွဲအတွေ့အကြုံ(များ)ကို ပြန်ပြောပြ ရရင်တော့ ယခုလက်ရှိ စစ်ဦးစီး အတွင်းရေးမှူး (၂) တာဝန်ယူနေသော ဗိုလ်ခင်ကျော်၊ ကျနော်တို့ တပ်ရင်း (၂ဝ၁) မှ ယခု အမေရိကန် ပြည်ထောင်စုတွင် အခြေချ နေထိုင်နေပြီဖြစ်သော တပ်မှူးကိုဖုန်းကျော်တို့နှင့် နှိုင်းယှဉ်၍ မပြောနှင့် သာမန် ကျောင်းသား တပ်မတော်သား တစ်ဦးထက်ပင် တိုက်ပွဲအတွေ့အကြုံ နည်းပါးသောကြောင့် ထိုက်သင့်သလို ဗဟုသုတ ရရှိစေရန်နှင့် လေ့လာရန်အတွက်သာ ဖြစ်ပါသည်။

တိတိကျကျ ပြောရလျှင် နအဖ စစ်သားများနှင့် လက်နက်ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်ရသော မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ပွဲဟူ၍ တစ်ပွဲတည်းသာ ကြံတွေ့ခဲ့ဖူးပါသည်။ ထိုတိုက်ပွဲတွင်လည်း ကျနော်ကိုယ်တိုင် ပစ်ခတ်ခဲ့ရခြင်း မရှိခဲ့ပေ။ သို့သော် စစ်မြေပြင် အတွင်းတော့ တကယ် ရှိနေခဲ့ပါသည်။ ယင်းတိုက်ပွဲအတွက် မည်ကဲ့သို့ တိုက်ပွဲဆင်ရမလဲ ဟူသော တပ်မှူးများ ဆွေးနွေးမှုတွင် ပါဝင်ခဲ့ပါသည်။ အတိအကျအားဖြင့် ဆိုရလျှင် စစ်မြေပြင်သို့ စစ်ရေးတာဝန်ဖြင့် (၃) ကြိမ် သွားဖူးသည်။ နိုင်ငံရေးတာဝန်ဖြင့်တော့ စစ်ဖြစ်နေသော နေရာများနှင့် နီးစပ်သော နေရာများသို့ အကြိမ်အတော်များများ သွားဖူး ခဲ့ပါသည်။

စစ်ရေးတာဝန်ဖြင့် ကျနော် ပထမဆုံးသွားခဲ့သော စစ်မြေပြင်မှာ ကော့မူးရာ ဝမ်းခ အသစ် စစ်မြေပြင်ပင် ဖြစ်ပေသည်။ ၁၉၉ဝ ရွေးကောက်ပွဲ မတိုင်မီ သိမ်းပိုက်မည်ဟူသော ကြွေးကြော်သံဖြင့် နအဖ (ထိုစဉ်က နဝတ) တပ်များက တိုက်ပွဲဆင်လာသော အချိန်အခါ ဖြစ်ပေသည်။ ၁၉၈၉ ဧပြီမေလ တဝိုက်တွင်ဖြစ်ပေသည်။ ကျနော်ထိုစဉ်က နေမကောင်း ဖြစ်ပြီး မဲဆောက် ကေအင်န်ယူမှ ဗိုလ်မှူးစိုးမင်းအိမ်တွင် ခဏအနားယူပြီးနောက် ကျနော်တို့တောင်ပိုင်းမှ စစ်ကူရောက်နေသာ တပ်ဖွဲ့များနှင့် အတူသွားရောက်၍ စစ်ရေး တာဝန်ကို ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့ ထမ်းဆောင်ရခြင်းမှာလည်း ကျနော်စခန်းထဲသို့မဝင်မီ တိုက်ပွဲ အကြီးအကျယ် ဖြစ်နေရာ တပ်ဖွဲ့အင်အားလည်း လိုအပ်နေခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကျနော် နေကောင်းခါစ ဖြစ်သော်လည်း အားတင်း၍ ဖြစ်ချင်ရာဖြစ်ကွာ ငါတို့ စစ်အာဏာရှင်တွေကို လက်နက်ကိုင်တိုက်ဖို့ ထွက်လာခဲ့ပြီးပြီပဲ ရှေ့တန်းသွားမယ် ဆိုသည့် စိတ်ဓါတ်ဖြင့် ဝမ်းခ စခန်းတွင်းသို့ မေလကုန်ခါနီးခန့်တွင် ရောက်ရှိသွားခဲ့သည်။ သို့သော် ကျနော် ရောက်ရှိ ပြီးနောက် ဗိုလ်မှူးရောဘတ်ဖံက stand to (တပ်အားလုံး အသင့်နေရာယူခြင်း) နှစ်ခါ alert လုပ်ခါ အဆင်သင့် မိုးလင်းပေါက် ကင်းစောင့်ခိုင်းခဲ့သည်မှ လွဲ၍ တိုက်ပွဲ အကြီးအကျယ် မကြုံတွေ့ခဲ့ရပေ။ ဗိုလ်မှူးရောဘတ်ဇံ stand to (တပ်အားလုံး အသင့်နေရာယူခြင်း)   အကြိမ်ကြိမ် ခေါ်ခဲ့ရသည်မှာလည်း အကြောင်းရှိပေသည်။

မေလ ၂၇ ရက် မနက်စောစောက ယင်းကဲ့သို့   Stand to စောင့်ခဲ့ရခြင်း၏ အကျိုးကိုမိမိတို့ ကျောင်းသား တပ်မတော်နှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့က အကျိုးအမြတ် ရခဲ့သောကြောင့်ဖြစ်သည်။ အကျိုးအမြတ် ဆိုသည်မှာ မိမိတို့ကိုယ်ကို အကောင်းဆုံး ကာကွယ်နိုင်ပြီး ရန်သူ နဝတစစ်သားများကို အရာရှိ အဆင့်အပါအဝင် များစွာ ချေမှုန်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ထိုနေ့မနက် လင်းအားကြီး အချိန်ခန့်တွင် နဝတ တပ်များဟာ ၎င်းတို့ အခြေပြုသည့် ခဲဘလူးနှင့် ကာလူးတောင်ကုန်းများဆီမှ လျှောက်မြောင်း (ဆက်သွယ်ရေးမြောင်း) တူးကာ ဝမ်းခါစခန်း ခံစစ်ကုန်း ကတုတ်ကျင်းများ (ဘန်ကာ) ဆီသို့ တစ်ညလုံး ချီတက်လာနေမှုကို ညကြည့်မှန်ပြေင်းဖြင့် ဗိုလ်မှူးရောဘတ်ဇံမှ ကြည့်မြင်ခဲ့ရပါသည်။ ထို့ကြောင့် ဗိုလ်မှူးရောဘတ်ဇံက တပ်ဖွဲ့အားလုံးကို Stand to (တပ်အသင့်နေရာယူခြင်း) လုပ်ကာ ခံစစ်ကုန်းအနီးသို့ ချဉ်းကပ်လာသော နဝတ တပ်များအား ရောက်ခါနီးတွင်မှ လေထီးမီးကျီဖြင့် ပစ်ဖေါက်၍ ရန်သူများကို အနီးကပ် ချေမှုန်းနိုင်ခဲ့သဖြင့် အတုံးအရုံး ကျဆုံးခဲ့ကြောင်းနှင့် နဝတ တပ်သားတစ်ဦးဆိုလျှင် ခံစစ်ကုန်းကို လာမှီပြီး ကျဆုံးသွားခဲ့ကြောင်း သိရပါသည်။ နောက်တနေ့ဖြစ်သည့် မေလ ၂၈ ရက် မနက်တွင်မှ မိမိတို့ စစ်အင်အား ဖြည့်ဆည်းရန် လိုအပ်သဖြင့် မိမိပါ ဝင်ရောက်ရှိသွားပြီး ခံစစ်ကုန်းရှေ့မှ ထိုအလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကော့မူးရာ ၀မ်းခါ စခန်းထိုင် အတွေ့အကြုံများ - အပိုင်း (၂)
တော်လှန်ရေးနဲ့ မေ့မရတဲ့ပုံရိပ် 
ဆောင်းပါးရှင် - ကိုကျော်ထင်

ထိုဝမ်းခါစခန်း အတွင်းတွင် မိမိတို့ ကျောင်းသားတပ်မတော် နယ်မြေခံ တပ်ရင်းဖြစ်သည့် တပ်ရင်း (၂၁၁) မှ
တပ်မှူးများဖြစ်သည့် ဦးစိုးထွဋ်၊ ကိုဝင်းချို၊ တောင်ပိုင်းစစ်ကူတပ်ဖွဲ့မှ ကိုဝင်းလှိုင်ဦး စသည်တို့နှင့် တွဲဖက်ခဲ့ရပြီး ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ အဘမန်းဘုန်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်ဇော်ဦး စသည်တို့နှင့် တွဲဖက်ခဲ့ရသည်။

ထိုစဉ်က ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ တပ်မှူးကြီးများမှာ စခန်းအတွင်း အကြီးဆုံး ဗိုလ်မှူးကြီးထောလှ (နောင်ဗိုလ်မှူးချုပ်နှင့် တပ်မဟာ ၅ မှူး) နှင့် ဗိုလ်မှူး သန်းမောင်တို့ ဖြစ်ကြပါသည်။  တစ်ခါတစ်ရံတွင် KNDO မှ အဖူး ဗိုလ်ချုပ် ကျော်သောင်း အားလည်း တွေ့ရပါသည်။ သူပြောတဲ့ စကားတစ်ခွန်းကိုလည်း မှတ်မိနေပါသေးသည်။ ယင်းမှာ မေဆွိသီဆိုသည့် သီချင်းတစ်ပုဒ်၏ စာသားဖြစ်သည့် ပုဇွန်ဆိတ်လေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ် ဆိုသည့် သီချင်းစာသားအား ၀မ်းခါစခန်း သေးငယ်သော်လည်း အင်အားကြီးသည့် ရန်သူအား ခုခံကာကွယ်နိုင်ပုံကို တင်စားသီဆို ပြောဆိုခဲ့ခြင်းဖြစ်သည်။    ကျနော်ရောက်စက ကိုမိုးသီးဇွန်နှင့်လည်း ရက်အတန်ကြာ နေခဲ့ရပြီး ကျနော် မရောက်မီကပင် နယ်မြေတာဝန်ယူနေသူ ကိုကျော်ကျော်၊ ကိုထက်အောင်ကျော်၊ အဆိုတော် ကိုမွန်းအောင် စသည်တို့လည်း ရှိနေခဲ့ပေသည်။

ကျနော် ရောက်ရှိပြီးနောက် ကိုမွန်းအောင်နှင့် တစ်ကြိမ်နှစ်ကြိမ် စခန်းအတွင်း တွေ့ခဲ့ပါသေး သည်။ ကျနော်သည် ကျနော်တို့ တပ်ဖွဲ့များ တာဝန်ကျရာ ဝမ်းခါ အနောက်ဖက်ကျောတွင်သာ တာဝန်ယူရပြီး ရောက်သည့်အချိန်မှ စ၍ ညစဉ်အလှည့်ကျ ကင်းစောင့်ရပေသည်။ ကင်းစောင့်သည် ဆိုသည်မှာလည်း အတော်ကြီးမားသည့် အလုပ်တာဝန် တစ်ခုဖြစ်ကြောင်း တကယ်စောင့်ကြည့်သည့် အခါတွင်မှ သိရပေသည်။ ဝမ်းခါစခန်းတွင် အနောက်ဖက်ကျော ဖြစ်သည်ဟူ၍လည်း လျှော့တွက်၍ မရပါ။ နအဖ အနေဖြင့် အိုမီဂါ ပုံသဏ္ဍာန်ရှိသော ၀မ်းခါ စခန်းအား ထိပ်တိုက်ဘက်မှ တက်လျှင် ခက်ခဲပြီး ၎င်းတို့အတွက် အတုံးအရုံး ကျဆုံးခြင်း များသဖြင့် ချောင်းကိုဖြတ်ကာ နောက်ကျောမှ ပတ်ပြီး တက်လေ့တက်ထ ရှိပါသည်။

နဝတ စစ်တပ်သည် နေရာပေါင်းစုံမှ အလစ်အငိုက် ချောင်းတတ်သဖြင့် မိမိအပေါက်မှ တက်လာပါလျှင် မတွေ့လိုက်မိပါက စခန်းပေါက်သွားပြီး ကျသွားမှာကို စိုးရိမ်သောကြောင့် အစပထမပိုင်းတွင် အတော်ပြူးပြဲ၍ စောင့်ကြည့်ဖြစ်ခဲ့ပေသည်။ နောက်ပိုင်းတွင် စခန်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြောပြ၍လည်းကောင်း၊ စခန်းတွင်းရှိ ရတတ်သမျှ စစ်ဘက် ဆိုင်ရာ စာအုပ်အနည်းငယ်ကို ဖတ်ရှုပြီးနောက်တွင် သော်လည်းကောင်း ကင်းစောင့်ခြင်း၏ ပညာကို သိလာခဲ့သည်။ ယင်းမှာ နေ့ခင်းဘက် မြင်သာချိန်တွင် မိမိညဘက်တွင် စောင့်ကြည့်ရမည့် မြေပြင်ပေါ်မှ အမှတ်အသားများကို မှတ်သားထားရန် ဖြစ်ပေသည်။ မြေပြင်ပေါ်မှ အမှတ်အသားများကို စာအုပ်ပေါ်တွင် ကြည့်ဆွဲကာ မှတ်တမ်းတင်ခဲ့သလို ညကြည့် အမှတ်အသားများကို ကတုတ်ကျင်း ဘောင်ပေါ်တွင် တိုင်စိုက်၍ သေနတ်ပစ် လမ်းကြောင်း ပုံသေဆွဲခြင်းဖြင့် ပစ်မှတ်မှတ်ပုံတင် ပြုလုပ်ထားရပါသည်။

နောက်တော့ အလွတ်ဆွဲကြည့်ပြီး ဘယ်နေရာတွင် ဘာရှိသည်ကို အလွတ်မှတ်သား ထားလိုက်သည်။ ယင်းကဲ့သို့ မလုပ်ပါက ကင်းညစဉ်စောင့်၍ အိပ်ရေးပျက်လာတာက တကြောင်း၊ မိမိဘက်က တက်လာမလား ဆိုတာကို စိုးရိမ်စိတ်လေး အနည်းငယ် ရှိလာတတ်တာက တကြောင်းတို့ကြောင့် မြေပြင်ပေါ်မှ သစ်ငုတ်တိုသည်လည်း တွားတက် လာသလို မြင်ယောင် လာတတ်ကြပေသည်။ ထိုအကြောင်းကို ကျောင်းသားတပ်မတော် ကျောင်းသားအတော်များများ ပြောဖြစ်ကြပါသည်။ ထိုကြောင့် ဖြစ်နိုင်လျှင် မိမိတာဝန်ကျသည့် ကတုတ်ကျင်း(ဘန်ကာ) မှာ  နေ့စဉ် ကင်းစောင့်ရမည် ဆိုပါက ထိုနေရာရှိ မြေပြင်ပေါ်မှ အမှတ်အသားများကို ကျက်မှတ်ထားလိုက်သည်က အကောင်းဆုံး ဖြစ်သည်ဟု စစ်ရေးဆိုင်ရာ အတွေ့အကြုံ တစ်ခုကို ရရှိခဲ့လိုက်ပါသည်။

ဝမ်းခါစခန်းတွင် ကျနော်စုစုပေါင်း ၂ လကျော်ကျော်ခန့် နေထိုင်ခဲ့ပြီး ကျနော် နေထိုင်စဉ် ကာလတွင်တော့ ကြိုကျားကြိုကျား လက်နက်ကြီးများဖြင့် နဝတ စစ်တပ်ဘက်မှ ပစ်ခတ ခဲ့သည်မှလွဲ၍ တိုက်ပွဲကြီးကြီးမားမား မဖြစ်ခဲ့ပါ။ သို့သော် လက်နက်ကြီး ပစ်ခတ်ခံရခြင်းကို ရှောင်ရှားသည့် အတွေ့အကြံများကိုတော့ ရရှိခဲ့ပေသည်။ ၁၂ဝ မမ ဆိုလျှင် ကျနော်ရှိနေ သည့် နေရာနှင့် ထောက် ၁ ၊ ထောက် ၂ ဆို၍ စတင် ရေတွက်ပါက ထောက် ၂၆ ၊ ထောက် ၂၇ ခန့်တွင် ကျရောက် ပေါက်ကွဲလေ့ရှိပါသည်။ ၇၂ မမဆိုလျှင်တော့ ၁၊ ၂၊ ၃ ရှူးဆိုလျှင် ကွဲပြီ၊ ရှောင်ချိန်သိတ်မရ။ ယင်း ၇၂ မမ ပစ်ခတ်လိုက်လျှင် လျှောက်မြောင်းများ အတွင်းသို့ ခုန်ဆင်းပြီး လက်နှစ်ဖက်ကို ဘယ်ဖက်ရင်အုံကို အဓိကအုပ်ကာကာ ဝမ်းလျားမှောက် လှဲနေရပေသည်။ သို့မှသာ လက်နက်ကြီး ကျရောက်ပေါက်ကွဲ တုန်ခါမှု၏ ရိုက်ခတ်မှုမှ မိမိနှလုံး အပေါ် သက်ရောက်မှုအား တတ်နိုင်သမျှ ကာကွယ်နိုင်ပေသည်။ သို့သော် အများအားဖြင့်တော့ နဝတ တပ်တို့က ၁၂ဝ မမ စိန်ပြောင်းကြီးကိုသာ အတွဲလိုက် ပစ်ခတ်ကြသည်က များပေသည်။


သူတို့ အတွဲလိုက် ဆက်တိုက် စိန်ပြောင်းဗုံးသီး ပစ်ခတ်လိုက်ပြီဆိုလျှင် ပလုံတုံတုံ ဆိုပြီး ဆိုင်းတီးသံလိုလို ထွက်လာပါသည်။ ဒါဆိုလျှင် သူတို့အတွဲလိုက် ပစ်လိုက်ပါပြီ၊ သက်ဆိုင်ရာ မိမိ ကတုတ်ကျင်းရှိ (Over head) ခေါင်ကတုတ်ဆီသို့ ဝင်ပြေးကြပေတော့။ အများအားဖြင့် နဝတတို့က မနက်မိုးလင်းအားကြီး မျက်နှာသစ်ချိန်၊ မနက်စာသို့မဟုတ် နေ့လည်အစာစားချိန် နေ့လည် (၁) နာရီခန့်၊ ညနေရေချိုးချိန်၊ ညနေစာစားချိန် အစသဖြင့် မိမိတို့ဘက်မှ အပြင်ထွက်နိုင်သည့် အချိန်များကို မှန်း၍ ပစ်ခတ်သည်ကို တွေ့ရှိခဲ့ရပါသည်။

တခါ ကျနော် တာဝန်ကျနေသည့် ကတုတ်ကျင်းမှ အောက်သို့ဆင်းသွားပြီး သောင်ရင်းမြစ် အတွင်း၌ အဝတ်သွားလျှော်နေစဉ်တွင် ပလုံတုံတုံ အသံ ထွက်လာပါသည်။ ထိုအသံကို ကျနော် ချက်ချင်း မှန်းဆလိုက်ရာ ကျနော့် ကတုတ်ကျင်း တည်ရှိရာဘက်သို့ လာနေသည်ဟု မှန်းလိုက်မိပြီး ကျနော်နေသည့် ကတုတ်ကျင်းရှိ (Over head) ခေါင်ကတုတ် အတွင်းသို့ တက်ပြေးပြီး ပုန်းနေလိုက်ပါသည်။ ကျနော်ရောက်ရှိသွားချိန်တွင် ထောက် ၁၈ ၊ ထောက် ၁၉ လောက်တော့ရှိပြီ ထင်ပါသည်။ ကျနော် ထင်သလိုပင် ထို ၁၂ဝ မမ ၁၃ လုံး စလုံးသည် ကျနော့် ကတုတ်ကျင်း ပတ်ပတ်လည်ကို တလုံးပြီးတလုံး ကျပါတော့သည်။

ထို  ၁၃ လုံးမှ တလုံးသာ ကျနော့် ကတုတ်ကျင်းကို ထိမှန်ရင်တောင်မှ ကျနော်ယနေ့အချိန် တွင် ယခုစာဖတ်နေသူများကို ကျနော့်ရဲ့ ကျောင်းသားတပ်မတော်သားဘဝ အတွေ့အကြုံ များကို ပြန်ပြောပြ နိုင်တော့မည် မထင်ပါ။ ကျနော့် ကတုတ်ကျင်းက အတော့်ကို အခိုင်အခံ့ကြီးလည်း မဟုတ်ပါ။ ဘုရား သိကြားမ၍၊ ပြည်သူ့အကျိုး ဆောင်၍၊ တရားသောစစ်ကို ဆင်နွှဲ၍သာ အသက်ရှင်သန်ခွင့် ဆက်လက် ရရှိခဲ့သည်ဟု သဘောထား ယုံကြည်ခဲ့ရပါသည်။

မြန်မာ့ ဒီမိုကရေစီအရေးအတွက် ငယ်ရွယ်နုပျိုသော ကျောင်းသားဘ၀မှာပင် အသက်ကို ပဓါန မထားဘဲ စွန့်လွှတ် စွန့်စားခဲ့ကြသော ကျောင်းသားများအား ဂုဏ်ပြုရင်း တင်ဆက် ထားသည့် အပိုင်း (၃) ကို မနက်ဖန်မှာ ဆက်လက် ဖတ်ရူကြပါခင်ဗျား။ထိုဝမ်းခါ စခန်း တွင်းတွင် ကျဆုံး ခဲ့သော ကျောင်းသား တပ်မတော် သားများလည်း ရှိခဲ့ပါသည်။
အများစုကို ကျနော် အမည်နှင့်တကွတော့ မမှတ်မိတော့ပါ။ မှတ်မိသည်မှာ GTI ကျောင်းသား တစ်ဦး ပါဝင်သည်။ နောက် ကျနော်တို့နှင့်အတူ (၂ဝ၁) မှ စစ်ကူသွားပြီး ကျန်နေရစ်သူ ရဲဘော်မင်းကျော် တစ်ယောက် သိမ်းဆည်း မိထားသော လက်နက်ကြီးကျည်များကို ကြည့်ရှုနေစဉ်တွင် ၄င်းလက်နက်ကြီးကျည်များထဲတွင် ပါလာသော ကက်မဖြုတ်ရသေးသည့် လက်နက်ကြီးကျည်ကပင် ထပေါက်သည်လား၊ ထိုအချိန်က နဝတဘက်မှ ပစ်ခတ် လိုက်သည့် လက်နက်ကြီး ကျည်ကပင် ထပေါက်သည်လား မပြောတတ်ပါ။ ထိုစုပုံထားသော လက်နက်ကြီး ကျည်များ အစုလိုက် အပြုံလိုက်ထ ပေါက်ကွဲသဖြင့် ကျောင်းသားတပ်မတော်သားနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်သား အတော်များများ မမျှော်လင့်ပဲ ကျဆုံးခဲ့ရာတွင် ပါဝင်သွားခဲ့သည်။ ယခု အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်နေသူ ရဲဘော် မြင့်အောင် သည်လည်း ထိုပေါက်ကွဲမှုတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ သူလည်း GTI ကျောင်းသားတစ်ဦးပင် ဖြစ်သည်။

ဝမ်းခါစစ်မြေပြင်တွင် ကင်းစောင့်ခြင်း၊ လက်နက်ကြီးပစ်ခတ်မှုအား ရှောင်ရှားခြင်း စသည့် စစ်ရေးဆိုင်ရာ သင်ခန်းစာများအပြင် တတိယ ရရှိခဲ့သော စစ်သင်ခန်းစာမှာ လက်နက်ငယ် အဖြုတ်အတပ်ပင် ဖြစ်ပေသည်။ အခုနေ ပြန်မေးလျှင်တော့ ရုတ်တရက်ဆိုလျှင် မေ့နေတော့မည်။ ထိုစဉ်က အေကေ ၄၇၊ အမ် ၁၆၊ ကာဘိုင် အဖြုတ်အတပ်များကို သင်ယူခဲ့ရပါသည်။ အမ် ၁၆ မှာ အတော်လွယ်ကူသည်ဟု ထင်ခဲ့မိပါသည်။ ကျနော်က အေကေကိုင်လိုက်၊ ကာဘိုင်ကိုင်လိုက် လုပ်ခဲ့သဖြင့် ထိုလက်နက်ငယ်များကိုသာ အဖြုတ်အတပ် ပို၍ လုပ်ခဲ့မိပါသည်။ တောထဲမရောက်ခင်က မင်းသား ဆန်နီချေးဘားက Gogo 13 Kolon assignment တွင် အမ် ၁၆ ကိုင်ပြီး တောင်စောင်းတွင် ကြိုးဖြင့်ချိတ်ကာ စနိုက်ပါဖြင့် ပစ်ခတ်သည်ကို ကြည့်၍ အားကျခဲ့သဖြင့် ရှစ်လေးလုံးကာလ တောထဲသွားတော့မလို့ လုပ်တော့ မင်းဟိုရောက်ရင် ဘာသေနတ်ကိုင်မလဲဟု ရဲဘော်တွေက မေးရာ အမ် ၁၆ ကိုင်မယ်ကွာဟု ကြွေးကြော်ခဲ့သော်လည်း တကယ်တမ်းး ရောက်သည့်အခါတွင်တော့ ထို အမ် ၁၆ ကို လက်နက်အဖြုတ်အတပ် သင်ယူမှုတွင်သာ ကိုင်တွယ်ခဲ့ရပြီး စစ်မြေပြင်အသုံးပြုမှုတွင် မကိုင်တွယ်ခဲ့ဖူးပါ။

ယခု မေ့နေသော်လည်း လိုအပ်၍ ပြန်ကိုင်တွယ်ရဦးမည် ဆိုပါက နာရီပိုင်းအတွင်းတွင် ပြန်မှတ်မိနိုင်မည်ဟု ထင်ပါသည်။ လက်နက်ကြံ့ခိုင်ရေးအတွက် ဝမ်းခါစခန်းတွင် နေထိုင်စဉ် နေ့စဉ်နီးပါးလုံး ပြန်လုပ်ရပါသည်။ မိမိ လက်နက် ချွတ်ယွင်းနေ၍ မဖြစ်ပါ။ အချိန်မရွေး တိုက်ပွဲထဖြစ်နိုင်သောကြောင့်ဖြစ်ပြီး မိမိတွင် စစ်သား တစ်ယောက်မှာ ရှိရမည့် တိုက်ပွဲဝင် အဆင်သင့်ဖြစ်မှု အနေအထား combat readiness ကို ရယူ ပိုင်ဆိုင်ထားဖို့ လိုအပ်သောကြောင့် ဖြစ်ပေသည်။ နောက်ကျ၍မဖြစ်ပါ။ တိုက်ပွဲဖြစ်လာလျှင် မိမိသေနတ်ပြောင်းမှ ပထမဆုံး သေနတ်သံတစ်ချက် ဒိုင်းကနဲဆိုပြီး အောင်မြင်စွာ မိမိပစ်ခတ်ရာဆီသို့ ထွက်သွားလျှင် စစ်သား တစ်ယောက်အတွက် ထိုတိုက်ပွဲကို ဆက်လက်ဆင်နွဲဖို့ မိမိကိုယ်မိမိ ယုံကြည်မှု ရှိသွားသောကြောင့် ဖြစ်ပေသည်။

ထိုအကြောင်းကိုလည်း မိမိတို့ကျောင်းသားတပ်မတော်သားများ အတော်များများ ပြောဖြစ်ခဲ့ကြပါသည်။ လက်နက်ငယ်ကြံ့ခိုင်ရေးအတွက် အဖြုတ်အတပ် ပြုလုပ်ရာတွင် ပထမဦးစွာ  သေနတ်ပြောင်းကို မိုးပေါ်ထောင်ပြီး သေနတ်အတွင်းမှ ကျည်ဆံများကို ကျည်ကုပ်မှတဆင့် ထုတ်ယူဖို့ လိုပေသည်။ ကျည်ဆံများ ထွက်သွားပြီးလျှင် သေနတ်ကို တဆင့်ပြီးတဆင့် ဖြုတ်တိုက်ချွတ် ပြန်လည် တပ်ဆင်ရပါမည်၊ သေနတ်ပြောင်းတိုက်တံကို စက်သုံးဆီလေး အနည်းငယ်ဆွတ်ထားသော အဝတ်စချည်ပြီး ထိပ်မှာ  နိုင်လွန်ကြိုးလေးချည်ကာ သေနတ် ပြောင်းထဲကို ရှေ့တိုးနောက်ငင် ပွတ်တိုက်စေပါသည်။ တိုက်ပြီးသောအခါ သေနတ်ပြောင်းဝမှ ထိုနိုင်လွန်ကြိုးကို အသာလေး ဆွဲထုတ်ခြင်းဖြင့် လက်နက်ငယ်ကြံ့ခိုင်ရေး ပြီးဆုံးသွားပါသည်။

လက်နက်ငယ် ကြံ့ခိုင်ရေးမှာ အလွန် အရေးကြီးလှပါသည်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ပစ်လိုက်တဲ့ ကျည်ဆံ လျှောလျှောလျှူလျှူ ထွက်သွားဖို့ အရေးကြီးသည် မဟုတ်ပါလား။ သေနတ်တွင်းမှ တိုက်သင့်တာ အားလုံး တိုက်ပြီးပြီဆိုရင်တော့ သေနတ်ကို နောက်ဆုံးဆွစ် (လုံခြုံမှုခလုတ်) ပိတ်ပြီးထားလိုက်ဖို့ လိုပါသည်။ အော်တိုရယ်၊ တစ်တောင့်ချင်းရယ်၊ ခလုတ်ပိတ်ထားတာရယ် ၃ ခုအနက် ဆွစ်ပိတ်တာကို ရွေးပြီး အဲဒီိထိပ်မှာ ခလုတ်အချွန်လေးကို နေရာချလိုက်ရပါသည်။ ဆွစ်မပိတ်မိခြင်းရဲ့ အကျိုးဆက်က သေနတ် ထပေါက်ထွက် နိုင်ခြင်း ဖြစ်တဲ့အတွက် ဆွစ်ပိတ်မိဖို့ အရေးကြီးလှပါတယ်။

ဝမ်းခါစစ်မြေပြင်တွင် နေထိုင်စဉ်တွင် အရေးကြီးဆုံး စည်းကမ်းချက်တစ်ခုမှာ ကြခတ်ဝါးမျှစ်များကို မတူးစားရန်ပင် ဖြစ်ပေသည်။ အကြောင်းမှာ ကြခတ်ဝါးရုံများက လက်နက်ကြီး ပစ်ခတ်မှုဒဏ်မှ အကာအကွယ်ရသောကြောင့် စခန်းတာဝန်ခံ ဗိုလ်မှူးကြီး ထောလှမှ တားမြစ်ထားသည့် စည်းကမ်းတစ်ခုဖြစ်ပေသည်။ ကျနော်တို့ တောင်ပိုင်း တပ်ရင်းများမှ ဒီအေဘီစစ်ကြောင်းအသွင်ဖြင့် ပေါင်းစည်းတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့သော တပ်ဖွဲ့များသည် ဒီအေဘီစစ်ကြောင်းအနေဖြင့် မဟုတ်သည့် တိုင်အောင်တောင်မှ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ်အသွင်ဖြင့် ပူးပေါင်းပါဝင်နိုင်ခဲ့ပြီး ဇူလိုင်လ အကုန်ပိုင်းတွင် တပ်ပြန်ရုပ်သိမ်းစဉ် ဗိုလ်မှူးကြီးထောလှက မိမိတို့တပ်ဖွဲ့အား နှုတ်ဆက်မိန့်ခွန်းစကား အနည်းငယ် ပြောကြားပါသည်။

ယင်းကဲ့သို့ ပြောကြားနေစဉ်တွင် လက်နက်ကြီးများ အတော်များများ ပစ်လွှတ်လိုက်သံများကို အတိုင်းသား ကြားလိုက်ရသဖြင့် မိမိတို့ ကတုတ်ကျင်း (ဘန်ကာ) ခေါ် (ဖုတ်) (စခန်းတွင်းအခေါ်အဝေါ်) များ အတွင်းသို့ပင် ပြေးဝင်ရန် အချိန်မရှိတော့ဘဲ လျှောက်မြောင်းများ အတွင်းသို့သာ အလျင်စလို ပြေးဆင်းခဲ့ကြရပေသည်။ သို့သော် လက်နက်ကြီးကျည်များမှာ မိမိတို့ထံသို့ ရောက်မလာခဲ့၍သာ တော်သွားခဲ့ပေသည်။ ကျနော်သည် ဝမ်းခါစခန်းမှ ၁၉၈၉ ဇူလိုင်အကုန်လောက်တွင် ထွက်လာပြီးနောက် ၁၉၉၆ ထီးကပလယ်တွင် နိုင်ငံရေး အံတုမှု သင်တန်း သွားတက်သည့်အခါကျမှ ဗိုလ်မှူးချုပ်ထောလှကို ပြန်လည်ဆုံတွေ့ခဲ့ရပြီး ၂ဝဝ၅ နိုဝင်ဘာလခန့်တွင် ဗိုလ်မှူးချုပ်ထောလှ ဆုံးပါးသွားရာတွင်လည်း ကျနော့်မှာ မဲဆောက်ဆေးရုံ တက်နေရသဖြင့် အသုဘပင် လိုက်မပို့ဖြစ်ခဲ့ပါ။

ဗိုလ်မှူးချုပ်ထောလှသည် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တွင် ခံစစ်သေ တိုက်ပွဲတွင် အလွန် ပြောင်မြောက်စွာ ဦးဆောင်ကွပ်ကဲ တိုက်ပွဲဝင်နိုင်သော တပ်မှူးတစ်ဦး ဖြစ်ခဲ့ပေသည်။ ဝမ်းခါစခန်း သေးသေးလေးလေးအား နဝတ စစ်တပ်မှ အကြိမ်ပေါင်း မြောက်မြားစွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရပါသည်။ တခြား ကေအင်န်ယူစခန်းများ ကျဆုံးခဲ့ရသော်လည်း နောက်ဆုံး မာနယ်ပလော ကျဆုံးပြီးနောက်မှ ကျဆုံးခဲ့ရသော နဝတ အလွန်လိုချင်ခဲ့သည့် ၀မ်းခါခံစစ်စခန်းကြီးအား အချိန်ကာလရှည်ကြာစွာ ထိန်းချုပ်ပေး နိုင်ခဲ့သည်မှာ စစ်အာဏာရှင်တော်လှန်ရေး၊ တိုင်းရင်းသား ပြည်သူတရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး တိုက်ပွဲသမိုင်းတွင် ကမ္ဗည်းတင်ထားရမည့် တပ်မှူး တစ်ဦးကြောင့် ဖြစ်ပါသည်။

ထိုကဲ့သို့ ဗိုလ်မှူးကြီးထောလှ ဦးဆောင်ကွပ်ကဲနိုင်အောင်လည်း ယခု အမေရိကန် ပြည်ထောင်စုတွင် အခြေချ နေထိုင်နေပြီဖြစ်သည့် ကရင့်အမျိုးသား အစည်းအရုံးဥက္ကဌ မန်းဘဇံ၏သား ကျောင်းသား တပ်မတော်သား များနှင့်လည်း အလွန်လက်ပွန်း တတီးရှိလှသည့် ဗိုလ်မှူးရောဘတ်ဇံ၏ စွမ်းစွမ်းတမံ တိုက်ပွဲဝင် ထောက်ကူ ပေးမှုကလည်း အရေးပါလှပေသည်။

ထို့အပြင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးပြီးနောက် တိုင်းရင်းသားတော်လှန်ရေး နယ်မြေများသို့ ရောက်ရှိလာသော ကျောင်းသား တပ်မတော်သားတို့၏ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့မှုကလည်း ဝမ်းခါစခန်းအား ရေ ရှည် ထိန်းသိမ်းထားမှုအပေါ် များစွာ ထောက်ကူ ပေးနိုင်ခဲ့ပေသည်။ ဝမ်းခါစခန်းတွင် တောင်ပိုင်းမှ ရောက်လာ သော စစ်ကူတပ်ဖွဲ့များတွင် အစပထမကတည်းက မိမိအနေဖြင့် ပါလာခဲ့သည်မဟုတ်ဘဲ မိမိက ဗဟိုတွင် တာဝန်ထမ်းဆောင်နေစဉ် မိမိ၏ မိခင်တပ်ရင်းမှ ရဲဘော်များနှင့် မိမိအား ဗဟိုက ပေးအပ်သည့် တာဝန်ဖြင့် သွားရောက်ပူးပေါင်း တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်ပါသည်။

ဤဝမ်းခါးစခန်းတွင် စစ်ရေးတာဝန်များကို ၁၉၈၉ မေလတွင် စတင်ထမ်းဆောင်နေစဉ်တွင် (ABSDF) မကဒတ (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ကျောင်းသားတပ်မတော်) မှ အပ်နှင်းတာဝန် ပေးထားသော တရားဝင်တာဝန်မှာ ဗဟိုကော်မတီဝင်၊ နိုင်ငံခြားရေးဌာန တွဲဖက်အတွင်းရေးမှူးဖြစ်ပြီး ကျနော်က ရှေ့တန်း၌ နေချင်တာများသည်ဟု ဆိုကာ ထိုနှစ် သြဂုတ်လအစည်းအဝေးတွင် ဗဟိုစစ်ရေးဌာနအဖွဲ့ဝင် အဖြစ်သို့ ပြောင်းရွေ့  တာဝန်ထမ်းဆောင်စေခဲ့သည်။  ၁၉၈၉ နိုဝင်ဘာလတွင်တော့ မကဒတ ဒုတိယအကြိမ်ညီလာခံကို မင်းသမီးစခန်းတွင် ကျင်းပပြုလုပ်ရာ မိမိက ဗဟိုစစ်ရေးဌာန တွဲဘက်အတွင်းရေးမှူးဖြစ်လာပြီး အတွင်းရေးမှူးမှာ မိမိနှင့် ကျောင်းသားတပ်မတော်တွင် လုပ်ဖေါ်ကိုင်ဖက်အဖြစ် အတွဲအများဆုံးဖြစ်သည့် ရဲဘော်ထွန်းဦးက တာဝန်ယူခဲ့ပေသည်။

နောက်ပိုင်း ဆောင်းပါးများတွင် ထိုနှစ်ကုန်ခါနီး သေ့ဘောဘိုးစခန်းကျခဲ့စဉ်က အတွေ့အကြုံများ၊ အူးသူထ စစ်မြေပြင် အတွေ့အကြုံများနှင့် ထိုနောက်ပိုင်း ဗဟိုစစ်ရေးဌာန ဖြစ်လာပြီး ဒီအေဘီ စစ်ကြောင်းများ ဖွဲ့စည်းခြင်းအကြောင်း၊ ကျောင်းသား တပ်မတော်စစ်ရုံးချုပ် အတွေ့အကြုံများနှင့် အမျိုးသားညီလာခံ ဆန့်ကျင်ရေး နယ်လှည့် စည်းရုံးရေးဆင်းရင်း တောင်ပိုင်းဒေသ ပုလောမြို့နယ် တပို တိုက်ပွဲ အတွေ့ အကြုံများ အကြောင်းကို ဆက်လက် ရေးသား တင်ပြသွားပါမည်။  


စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြသည်
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့ မှ ပြည်သူလူထုထံ ကြေညာချက်။

နအဖရဲ့ တစ်ဖက်သတ်စွပ်စွဲချက်တွေကို အပြင်ထန်ဆုံး တုန့်ပြန်ကြမယ်။ ဒီနေ့ ညနေ(၆)နာရီတွင် နအဖရုပ်မြင်သံကြားက ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းဝင်းမတို့ကို ဘာကြောင့်တရားစွဲရတယ်ဆိုပြီး မဟုတ်မဟတ်လုပ်ဇာတ်ခင်း သတင်းကို ကြေညာသွားပါတယ်။

ဒါဟာ ပြည်သူလူထုတစ်ရပ်လုံးကို ထပ်မံစော်ကားလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းက အပြစ်ကျူးလွန်သူ မဟုတ်ပါဘူး နအဖဟာ မိမိကျူးလွန်တဲ့အပြစ်ကို တစ်ဖက်သတ်စွပ်စွဲချက်တွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေခြင်းသက်
သက်သာ ဖြစ်ပါတယ်၊ အမှန်တကယ် အပြစ်ပေးအရေးယူရမှာက ဒေါ်အောင်ဆန်းစုကြည် မ
ဟုတ်ပဲ နအဖခေါင်းဆောင် အာဏာရူးသန်းရွှေသြာ ဖစ်ပါတယ်။

အာဏာရူးသန်းရွှေဟာ တိုင်းပြည်ကို ထင်တိုင်းစိုင်းခဲ့တာ အနှစ် (၂၀) ရှိခဲ့ပါပြီ။ နောက်ထပ်လည်း တစ်တိုင်းပြည်လုံး ဒုက္ခရောက်အောင် နည်းလမ်းမျိုးစုံသုံး ညစ်ပတ်နေပြန်ပါပြီ။ နအဖ အာဏာသက်ဆိုးရှည်နေသမျှ ကာလပတ်လုံး သန်း(၅၀)ကျော်သော ရဟန်းရှင်လူပြည်သူတွေဟာ ဒုက္ခပင်လယ်ဝေကြရဦးမယ်ဆိုတာ သေသေချာချာ သဘောပေါက်ကြစေချင်ပါတယ်။

ကျွန်ုပ်တို့အားလုံး ချစ်ခင်လေးစားတန်ဖိုးထားတဲ့ လူထုခေါင်းဆောင်တစ်ယောက်ကို ထောင်သွင်းအကျဉ်းချ၊ စိတ်ဆင်းရဲအောင် အမျိုးမျိုးညှင်းပမ်းနှိပ်စက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေကြပါနဲ့တော့။

မိမိတို့ စွမ်းနိုင်သည့်ဖက်က ပူးပေါင်းပါဝင် ဆင်နွဲကြပါ၊ နအဖစစ်မိစ္ဆာကောင်တွေဟာ ပြည်သူလူထုရဲ့ ညီညွတ်မှုအားကို အလွန်အင်မတန်ကြောက်လှန့် စိုးရိမ်လျှက်ရှိပါတယ်၊ ဒါကို ပြည်သူလူထုကြီးက သဘောပေါက်စွာနဲ့ မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မိမိတို့ကိုယ်တိုင်ရရှိဖို့ ညီညီညွတ် ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြပါ။

နအဖစစ်မိစ္ဆာတွေရဲ့ ယုတ်မာမှုတွေကို အပြင်းထန်ဆုံး တုန့်ပြန် ကြဖို့ အထူးတိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

မနက်ဖန် နံနက် (၉ ၀၀) တိတိအချိန်တွင် အင်းစိန်ထောင်ဗူးဝသို့ မိမိအစီအစဉ်ဖြင့် မပျက်မကွက် ပူးပေါင်းပါဝင် တော်လှန်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့ ။

at 8:13 PM
Notification to People 290309(2) Notification to People 290309(2) minthamee8888

အကျဉ်းသား လွှတ်ပေးရန် ပြည်ထောင်စုနေ့တွင် လူ ၅၀၀ လက်မှတ်ထိုး
Thursday, 12 February 2009 20:16 ကိုစိုး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွင် ယနေ့ ကျင်းပသော ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက် လာသူများက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လက်မှတ်ထိုး တောင်းဆို ကြကြောင်းသိရသည်။
အခမ်းအနားတက်ရောက်လာသူများထဲမှ လူ ၅၀၀ ခန့်က ကိုယ်တိုင်လက်မှတ်ထိုး၍ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အပါအ၀င် ဖမ်းဆီးထား သော နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟု အန်အယ်လ်ဒီမှ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သည့် ဦးအုံးကြိုင်က ပြောသည်။
ဒီနေ့ အခမ်းအနားမှာ ထူးခြားတာက နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ တခြားသော နိုင်ငံရေးပါတီဝင်တွေ ၊ လွှတ်တောာ် ကိုယ်စားလှယ်တွေ စတဲ့ အခမ်းအနား တက်ရောက်လာသူတွေက လက်မှတ်ထိုးတောင်းဆို ကြ တယ်၊ နံရံမှာ လက်မှတ်ထိုးဖို့ ဘုတ်ကြီးလုပ်ထားတာ၊ အဲဒီ နံရံကြီး တခုလုံး ပြည့်သွားတာပဲ၊ လက်မှတ်ပေါင်း ၅၀၀ ၊ ၆၀၀ ထက် မနည်း ရှိမယ်”ဟု ၎င်းက ပြောပြသည်။

အဆိုပါ လက်မှတ်ထိုး အစီအစဉ်သည် အန်အယ်လ်ဒီ လူငယ်များ၏ အစီအစဉ်ဖြစ်ပြီး ယနေ့ စတင်ခြင်းဖြစ်သည် ဟုလည်း ဆိုသည်။

အခမ်းအနားတွင် စည်းလုံးညီညွတ်သည့် ပြည်ထောင်စု စိတ်ဓာတ်သည် ယခုအချိန်တွင် များစွာ လျော့နည်း ကျဆင်းနေကြောင်း၊ ယနေ့ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး စသည့်အထွေထွေအကြပ် အတည်းများကို ကျော်လွှားနိုင်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်မှု ပြန်လည်တည် ဆောက်ရမည် ဖြစ် ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန် အန်အယ်လ်ဒီ၏ တောင်းဆိုချက်များကို လိုက်လျော ရ မည်ဖြစ်ကြောင်း စသည့် အဓိကအချက်များပါဝင်သည့် ကြေညာချက်တစောင်ကိုလည်း အန်အယ်လ်ဒီ က ထုတ်ပြန် ကြောင်း သိရသည်။

ယနေ့ နေ့လယ် ၁၂း ၃၀ နာရီ မှစတင်ကျင်းပသည့် ယင်းအခမ်းအနားသို့ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် ၊ သြစတေးလျ စသည့် နိုင်ငံခြား သံတမန်များနှင့် ဖိတ်ကြားထားသူများအပါအ၀င် လူပေါင်း ၁၀၀၀ ကျော်ခန့် တက်ရောက်ပြီး အခမ်းအနား ကျင်းပရာ အန်အယ်လ်ဒီ ရုံးချုပ် အနီးတွင် စစ်အစိုးရက ကြံ့ဖွံ့၊ ရဲ များအပါအ၀င် လုံခြုံရေး အင်အား ၁၀၀၀ ကျော်ခန့် ချထားသည်ဟု ဦးအုံးကြိုင် က ပြောဆိုသည်။

အခမ်းအနားတွင် သခင်စိုးမြင့်က သဘာကတိအဖြစ်ဆောင်ရွက်ကြောင်း၊ ဗဟိုအလုပ်အမှုဆောင်(စီအီးစီ) အဖွဲ့ဝင်များဖြစ်သော ဥက္ကဌ ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့ သုံးဦး ကျန်းမာရေးမကောင်း၍ အခမ်း အနား တက်ရောက်နိုင်ခြင်းမရှိဟုလည်း ၎င်းက ဆိုသည်။

မန္တလေး အန်အယ်လ်ဒီ ကလည်း ပြည်ထောင်စုနေ့ အခမ်းအနားကို ဆက်သွယ်ရေး တာဝန်ခံ ဦးမောင်မောင် သန်း ၏ နေအိမ်တွင် ကျင်းပကြောင်း သိရသည်။

ယင်း ပြည်ထောင်စုနေ့အခမ်းအနားနှင့် ပတ်သက်ပြီး ယမန်နှစ်တွင် နအဖ အာဏာပိုင် ရဲချုပ်က ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ(စီအာပီပီ) ဥက္ကဌ ဦးအောင်ရွှေ နှင့် အတွင်းရေးမှူး ဦးအေးသာအောင်တို့ကို ခေါ်ယူသတိ ပေးထားသည့်အတွက် ယခုနှစ်တွင် စီအာပီပီ အနေနှင့် အခမ်းအနား မကျင်းပနိုင်ကြောင်း၊ ကြေညာချက်လည်း မထုတ်ပြန်ကြောင်း စီအာပီပီ အဖွဲ့ဝင် ဦးထောင်ခိုထန်း က ပြောသည်။

“စီအာပီပီအနေနဲ့ ကြေညာချက်တွေ ထုတ်မယ်၊ အစည်းအဝေးတွေ လုပ်မယ်ဆိုရင် တရားဥပဒေအရ အရေးယူ မယ်ဆိုတော့ ပြည်ထောင်စုနေ့ ကြေညာချက်ကို လည်း စီအာပီပီ အနေနဲ့ မထုတ်တော့တာ”ဟု ၎င်းက ဆက် ပြောသည်။

တခြားသော တိုင်းရင်းသားများ စုစည်း၍ ရန်ကုန်မြို့တနေရာတွင် ပြည်ထောင်စုနေ့ ညစာ စားပွဲ ပြုလုပ်ရန်ရှိ ကြောင်းလည်း သိရသည်။

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးပို့သော ယနေ့ကျရောက်သည့် ၆၂ နှစ်မြောက်ပြည်ထောင်စု နေ့ သ၀ဏ်လွှာတွင် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် တိုင်းရင်းသားအားလုံး အားသွန်ကြိုး ပမ်း ရန်၊ မူဝါဒ လမ်းစဉ်(၇) ရပ် အောင်မြင်စွာအကောင်အထည်ဖော်ရန် တိုက်တွန်းထားကြောင်း အစိုးရ သတင်း စာများတွင် ဖော်ပြထားသည်။´
(ဧရာဝတီသတင်း မှဖေါ်ပြချက်)
11120209

ဖင်လန်နိုင်ငံMeilahti ဆေးရုံတွင်စက်ရုပ်ဖြင့်လူနာရဲ့ prostate gland အားခွဲစိတ်ကုသနေပုံ
Meilahti ဆေးရုံတွင်၁၀.၂.၀၉ ရက်နေ့ တွင် အသက်၆၇နှစ်ရှိ ယောကျာ်းတဦး၏ prostate gland အားအောင်မြင်စွာခွဲစိတ်ဖယ်ရှားနိုင်ခဲ့ကြောင်းသိရှိရသည်၊၄င်းခွဲစိတ်ကုသမှု့ တွင်သွေးထွက်မှု့ နဲပြီး၊လူနာသည်လည်းလျင်မြန်စွာနလံထူလာနိုင်ကြောင်းလည်းသိရှိရသည်၊ Meilahti ဆေးရုံသည် ဖင်လန်နိုင်ငံရှိ Helsiki မြို့ နှင့် Uusimaa မြိုနယ် ရှိ HUS ဆေးရုံများတွင်အကြီးဆုံးဖြစ်သည်။ပထမအကြိမ် ခွဲစိတ်ကုသမှု့အားဖင်လန်နိုင်ငံရှိ Tampere မြို့ ရှိဆေးရုံတွင်ပြီးခဲ့သည့်ဒီဇင်ဘာင်္လကပြုလုပ်ခဲ့ ပြီးယခုအကြိမ်မှာဒုတိယဖြစ်သည်၊ယခုခွဲစိတ်ကုသမှု့ သည် ၂ နာရီခွဲကြာမြင့်ခဲ့ သည်
စက်ရုပ်ဖြင့်ခွဲစိတ်ကုသမှု့ များကို အကျိတ်ကင်ဆာရောဂါများအတွက်အသုံးပြုသွားမည်ဖြစ်ကြောင်းလည်းသတင်းတွင်ဖေါ်ပြထားသည်။

ဇင်ဘာဘွေ အတိုက်အခံခေါင်းဆောင် Morgan Tsvangirai န်ကြီးချုပ်ရာထူးလက်ခံယူ
Mr Tsvangirai အနေဖြင့်
ပြီးခဲ့သည့်နှစ်ကပထမအကြိမ်သမ္မတရွေးကောက်ပွဲတွင်အနိုင်ရခဲ့သော်လည်းမြို့တွင်းအကြမ်းဖက်ဆန့်ကျင်မှု့ များကြောင့် သူသည်နောက်ဆုတ်ပေးခဲ့ရသည်၊သို့သော်လည်းနောက်ပိုင်းတွင်သမ္မတ Mugabe နှင့်အားဏာခွဲဝေမှူသဘောတူညီချက်ရရှိခဲ့သည်၊သူသည်ဒီနေ့ တွင် ၀န်ကြီးချုပ်ရာထူးကို အခမ်းအနားဖြင့်လက်ခံယူမှာဖြစ်ပါသည်၊ညွန့်ပေါင်းအစိုးရအနေဖြင့်ပြသာနာပေါင်းစုံဖြင့်ရင်ဆိုင်ဖြေရှင်း၇န်ရှိနေပါသည်၊ငွေကြေးဖေါင်းပွမှု့ ၊ အစာပြတ်လပ်မှူ့ ၊မကြာသေးမိကဖြစ်ပွားခဲ့သောဝမ်းရောဂါကူးစက်မှု့ကြောင့်လူပေါင်း၃၄၀၀သေဆုံးခဲ့ရပြီးလူပေါင်း၆၀၀၀၀ကျော်ကူးစက်ခံနေရပါသည်၊ထိုအပြင်ကမ္ဘာ့စီးပွားရေးဂရက်ကြောင့်စီးပွားရေးအခက်အခဲများကိုလည်းရင်ဆိုင်ဖြေရှင်းရအုံးမည်ဖြစ်ပါသည်။
ဒေါ်စုနှင့် ဂန်ဘာရီ အကျဉ်းသားလွတ်မြောက်ရေး ဆွေးနွေး
Monday, 02 February 2009 20:17 ဧရာဝတီ

နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင် ၆ ဦးတို့က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီ နှင့် ယနေ့နံနက်ပိုင်းက အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံရာ တွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။

မစ္စတာ ဂန်ဘာရီနှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆွေးနွေးသည့် ဒေါ်အောင်ဆန်းစုကြည့် (ဓာတ်ပုံ - အေအက်ဖ်ပီ)နံနက် ၁၀ နာရီခန့်က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်(စီအီးစီ)များနှင့် မစ္စတာ ဂန်ဘာရီတို့ အချိန် ၁ နာရီ ခွဲခန့် အကြာတွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် ပတ်သက်ပြီး ဦးစား ပေး ဆွေးနွေးခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောသည်။“မစ္စတာဂန်ဘာရီက မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကို လာချင်တယ်၊ သိသာထင်ရှားတဲ့ အကျိုးရလဒ် အနေနဲ့ အဖွဲ့ချုပ်က တောင်းဆိုထားတဲ့ အချက် ၄ ချက်ထဲက ဘယ်အချက်နဲ့ ဆိုရင် သိသာမြင်သာတဲ့အချက်လို့ ဆိုနိုင် မလဲ ဆိုတဲ့ မေးခွန်းကို မေးပါတယ်၊ အဖွဲ့ချုပ်အနေနဲ့ကတော့ နံပါတ် ၁ အချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး ၊ အဲဒီလို လွှတ်ပေးလို့ရှိရင် သိသာထင်ရှားတဲ့ တိုးတက်မှုလို့ ယူဆလို့ရတဲ့ အကြောင်း၊ သိသာ မြင်သာတဲ့ ရလဒ်ဆိုတာက အနည်းဆုံး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းဟာ ပထမ အခြေခံဖြစ် တယ် ဆိုတဲ့ အကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်”ဟု ဦးဉာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သိသာ ထင်ရှားသည့် ပြောင်းလဲ တိုးတက်မှုမရှိပါက ၎င်းအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။အန်အယ်လ်ဒီ၏ တောင်းဆိုချက် ၄ ချက်မှာ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်၊ ၂၀၀၈ ခုနှစ် မေလက အတည်ပြုလိုက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြန်လည်သုံးသပ်ရန်၊ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်နှင့် တွေ့ဆုံဆွေးနွေးရေး တို့ဖြစ်သည်။ယခုတွေ့ဆုံမှုတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီက ဆွေးနွေးမည်မဟုတ်ဟု မစ္စတာ ဂန်ဘာရီကို ကြိုတင် ပြောဆိုထားကြောင်းလည်း သိရသည်။ ထို့အပြင် မစ္စတာဂန်ဘာရီက ၎င်းနောက်ဆုံး အကြိမ်လာစဉ် ပြောဆိုခဲ့သည့် အချက်များမှ Economic forum နှင့် ပတ်သက်၍လည်း အန်အယ်လ်ဒီ ၏ သဘောထားကို မေးမြန်းရာတွင် စီးပွားရေးဆိုင်ရာ အချက်အလက်များ မရှိ ဘဲနှင့် သဘောထားပေး၍မရကြောင်း ပြောဆိုခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။ ပြီးခဲ့သည့် စနေနေ့က စတင်သည့် မစ္စတာ ဂန်ဘာရီ ၏ ၄ ရက်ကြာ ခရီးစဉ်တွင် ယခု အန်အယ်လ်ဒီနှင့်တွေ့ဆုံ မှုသည် အန်အယ်လ်ဒီ က အနိမ့်ဆုံး လက်ခံနိုင်သော အချက်များနှင့် အန်အယ်လ်ဒီ ၏ သဘောထားများ ကို မေးမြန်းစုံးစမ်းသွားသည့် အဆင့်မျှသာဖြစ်ကြောင်း၊ ယခင် ခရီးစဉ်များနှင့် မတူသည့် အပြောင်းအလဲများရှိ ကြောင်းလည်း ၎င်းက ဆက်ပြောသည်။ “အခုခရီးစဉ်ကတော့ အရင်ခရီးစဉ်ထက် အခင်းကျင်းကစပြီးတော့ အပြောင်းအလဲ ရှိတယ်၊ ဥပမာ အားဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် စီအီးစီ အဖွဲ့နဲ့ မစ္စတာ ဂန်ဘာရီ တွေ့ဆုံတာမျိုး၊ ဒါဟာ ပထမဆုံး အကြိမ်ပါ။ အသေးစိတ်အနေနဲ့ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ကျနော်တို့ ကြိုတင်ပြီးတော့ မပြောနိုင်ပါဘူး၊ အခင်း အကျင်း ကအစ အပြောင်းအလဲရှိတယ် ဆိုတာလောက်ပဲ ပြောနိုင်ပါတယ်”ဟု ဦးဉာဏ်ဝင်း ကပြောပြသည်။ ယနေ့တွင် အန်အယ်လ်ဒီ စီအီးစီ များ ဖြစ်သော ဦးအောင်ရွှေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေနှင့် ဒေါ်အောင် ဆန်းစုကြည်တို့သည် မစ္စတာ ဂန်ဘာရီနှင့် အစိုးရ ဧည့်ဂေဟာ၌ တချိန်တည်း အတူတကွ တွေ့ဆုံခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။ယမန်နေ့က မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းအပါအ၀င် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ယဉ်ကျေးမှု ၀န်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ကျော်မြင့်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကော်မရှင်အဖွဲ့၊ ကြံ့ဖွံ့အဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး မနက်ဖြန်တွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ် ကြောင်း သိရသည်။ မစ္စတာ ဂန်ဘာရီ၏ ယခု ခရီးစဉ်သည် ၇ ကြိမ်မြောက် ဖြစ်ပြီး ၂၀၀၈ ခု ဒီဇင်ဘာ လဆန်းတွင် လာရောက်ရန် မြန်မာ စစ်အစိုးရက ဖိတ်ကြားထားသည့် ခရီးစဉ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီသည် ယမန် နှစ်သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့ကာ ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစု ကြည်က ၎င်းအား တွေ့ဆုံရန် ငြင်းဆိုခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ခွင်မရခဲ့ပေ။ အဆိုပါ ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်းက မစ္စတာဂန်ဘာရီ ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့ နိုင်ငံရေးအတွက် တိုးတက်မှု တစုံတရာ မရှိကြောင်း အန်အယ်လ်ဒီ က ကြေညာချက်ထုတ်ပြန်၍ ဝေဖန်ပြောဆိုထားသည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)က ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် အတိုက်အခံနိုင်ငံရေးအဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ဖော်ရန် မစ္စတာဂန်ဘာရီသို့ အကြံပြုစာတစောင်ပေးပို့ထားသည်။ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တခုတွင် မစ္စတာ ဂန်ဘာရီက ယခုခရီးစဉ်အတွင်း သက်ဆိုင်သူများနှင့် အဓိပ္ပာယ် ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်းပါရှိသော်လည်း မြန်မာ့အရေးလေ့လာ သူတချို့ကမူ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်နှင့် တွေ့ဆုံနိုင်မည်ဟု မယူဆကြောင်း ပြောဆိုသည်။
စုလွတ်မြောက်ရေး
လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တိုက်တွန်း
လက်ဖက်ရည်ဝိုင်းမှ လူစုလူဝေးနည်း ပုံစံမျိုးစုံနဲ့ ထောက်ခံကြ (ဦးဝင်းတင်)





NEJ / ၃၀ ဇန်န၀ါရီ ၂၀၀၉




ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ အဆင်ပြေသကဲ့သို့ ထောက်ခံနိုင်သော်လည်း မည်သို့ထောက်ခံရမည်ဟု တိတိကျကျ လမ်းညွှန်ရန် အန်အယ်လ်ဒီအတွက် အခြေအနေမပေးသေးဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ပြောသည်။

လူထုဘက်က မည်သို့ ထောက်ခံသင့်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ခေတ်ပြိုင်ကမေးရာ “ဒါဟာလူထုကြီးရဲ့ဆန္ဒနဲ့လည်းအညီဖြစ်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ အခါအခွင့်သင့်တော်တိုင်း ဒါကို ထောက်ခံကြောင်း ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို အတည်ပြုတော့မယ်ဆိုရင် အစိုးရတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့ဓလေ့၊ အစဉ်အလာရှိပါတယ်။ နအဖက သူတို့ တကယ်တမ်း သဘောထားကြီးကြောင်း၊ ဒီမိုကရေစီကို လိုလားကြောင်း ဖော်ပြချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရပါမယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်ရုံမက အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ နအဖဟာ ဒီတောင်းဆိုချက်ကို မသိကျိုးနွံမပြုဘဲ လျင်မြန်တိကျစွာ အဖြေပေးသင့်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုသာမက ပြည်ပအတိုက်အခံအဖွဲ့အစည်း အသီးသီးကလည်း တပြိုင်တည်း ၀ိုင်းဝန်းထောက်ခံကြမည် ဆိုလျှင် ၀မ်းသာပါကြောင်း ဦးဝင်းတင်က ပြောသည်။

၂၀၀၄ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး လူထုထောက်ခံလက်မှတ်စုဆောင်းရေး အန်အယ်လ်ဒီက နှိုးဆော်ခဲ့သော်လည်း မြန်မာစစ်အစိုးရ အာဏာပိုင်များက အမျိုးမျိုးနှောင့်ယှက်ခဲ့သည်။
ဂွာတာနာမို အကျဉ်းစခန်း တနှစ်အတွင်းပိတ်ဖို့ အိုဘားမား အမိန့်ပေး

အကြမ်းဖက်သမားကို ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ ဂွာတာနာမို ပင်လယ်အော်က အမေရိကန်ရေတပ်ရဲ့ အကျဉ်းထောင်ကို ပိတ်ပစ်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အမိန့်ပေးလိုက်ပါတယ်။ ဒီလိုပိတ်ပစ်ဖို့ အမိန့်ပေးလိုက်တာက အရင် သမ္မတဟောင်း ဂျော့ခ်ျ ဒဘလျူ ဘုရှ် (George W.Bush) ကျင့်သုံးခဲ့တဲ့ မူဝါဒတွေကို ပြောင်းလဲလိုက်တဲ့ အဓိက အပြောင်းအလဲ ဖြစ်ပါတယ်။ အကြမ်းဖက်သမားလို့ သံသယရှိတဲ့သူတွေကို ရုံးတင်စစ်ဆေးနေတာတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ဖမ်းဆီးထားတဲ့သူတွေကို စစ်ဆေးတဲ့အခါ အဆင့်မြင့်စစ်ဆေးနည်းလို့ နာမည်ပေးထားတဲ့ နည်းနာတွေကို မသုံးဘို့လည်း သမ္မတ အိုဘားမားက ပိတ်ပင်လိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် မိုက်ကယ် ဘိုးမန်း (Michael Bowman) အိမ်ဖြူတော်ကပေးပို့တဲ့ သတင်းပေးပို့ချက်ကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
သမ္မတအိုဘားမား ဂွာတာနာမို အကျဉ်းစခန်းပိတ်ရန်အမိန့်ကို လက်မှတ်ရေးထိုးနေစဉ်။အမေရိကန်ပြည်ထောင်စုရဲ့ အကြမ်းဖက်သမားတွေအပေါ် ဖမ်းဆီးစစ်ဆေးမှု နည်းလမ်းတွေကို သမ္မတသစ် အိုဘားမား ဖောင်တိန်ကို သုံးခါမြှောက် လက်မှတ်ရေးပြီး မြေလှန်ပြောင်းလဲလိုက်ပါတယ်။ ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်ဖို့ သူက အမိန့်ပေးလိုက်တာပါ။ ဒီလို ပိတ်ပစ်လိုက်ပေမယ့်လည်း အကြမ်းဖက်သမားတွေကို ဆန့်ကျင်တိုက်ဖျက်တဲ့ ထိုးစစ်ဆင်မှုတွေကတော့ ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့အနေနဲ့ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုကို အောင်မြင်အောင် ဆက်ပြီးတိုက်ဖို့ ရည်ရွယ်ပါတယ်။ ကျနော်တို့ တာဝန်ယူတဲ့ကာလတွေမှာ ဒီတိုက်ပွဲက အောင်မြင်မှာပါ။”
တနှစ်အတွင်းမှာ ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်ဖို့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ ဘရက်ခ် အိုဘားမားက အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် ဂွာတာနာမို အကျဉ်းစခန်း ပိတ်ပြီးတဲ့အချိန် အကြမ်းဖက်သမားအဖြစ် သံသယရှိတဲ့သူ၊ လက်ရှိ ထိန်းသိမ်းထားခံနေရတဲ့ အကျဉ်းသား ၂၄၅ ယောက်ကို ဘယ်လို ဆက်ပြီးကိုင်တွယ်သင့်တယ်ဆိုတာကို အကြံပြု ညွှန်ပြမယ့် အထူးအဖွဲ့ကိုလည်း ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။
သမ္မတဟောင်းဘုရှ် လက်ထက်က တည်ထောင်ခဲ့တဲ့ စစ်ခုံရုံး ရုံးတင်စစ်ဆေးမှုတွေကို ပြန်ပြီးသုံးသပ်ဖို့ ဂွာတာနာမို အကျဉ်းထောင်အတွင်း ရုံးတင်စစ်ဆေးမှုတွေကိုလည်း ရက် ၁၂၀ ရပ်ဆိုင်းဖို့ အမေရိကန် အစိုးရသစ်က ညွှန်ကြားထားပါတယ်။
အမေရိကန် အစိုးရဌာန အားလုံးအနေနဲ့ အကြမ်းဖက်သမားလို့ သံသယရှိတဲ့သူတွေကို စစ်ဆေးတဲ့အခါ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ အမေရိကန် စစ်မြေပြင်သုံးလမ်းညွှန်ကို သမ္မတ အိုဘားမားက ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။ အကြမ်းဖက်သမားတွေကို ရေမွန်းအောင်လုပ်ပြီး စစ်ဆေးတဲ့နည်း၊ ရေနစ်အောင်လုပ်တဲ့နည်းလမ်း စတဲ့ အဆင့်မြင့်စစ်ဆေးနည်းခေါ် နည်းနာတွေကို မသုံးဘို့လည်း သူက တားမြစ်လိုက်ပါတယ်။ ဒီနည်းလမ်းတွေကို ဗဟိုထောက်လှမ်းရေးအေဂျင်စီက တခါတရံ ချွင်းချက်နဲ့ ကျင့်သုံးနေတယ်လို့ ယုံကြည်ရပါတယ်။
အခု ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို ဂျနီဗာသဘောတူညီချက်နဲ့အတူ စစ်ဆေးမယ်လို့ အမေရိကန် အစိုးရအရာရှိတွေက ပြောပါတယ်။ ဒီစည်းကမ်းချက်အသစ်ကို ချွင်းချက်မရှိ လက်ခံရမယ်ဆိုပြီးတော့လည်း စီအိုင်အေ ညွှန်ကြားရေးမှူးက သူ့ဝန်ထမ်းအားလုံးကို အမိန့်ထုတ်ထားပါတယ်။
အခုအချိန်အထိတော့ အကျဉ်းစခန်းကို ပိတ်ပြီးတဲ့အခါ ဖမ်းထားတဲ့ ကျန်နေသေးတဲ့သူတွေကို ဘာဆက်လုပ်မယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ အိမ်ဖြူတော်အရာရှိတွေကတော့ ဘယ်အကြမ်းဖက်သမားတွေကိုမှ နှိပ်စက်ညှဉ်းပန်းနိုင်တဲ့ တတိယနိုင်ငံတွေကို ပို့မှာမဟုတ်ဘူးလို့ ပြောနေပါတယ်။
အိုဘားမားကတော့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးနဲ့ လက်ခံယုံကြည်တဲ့ အတွေးအခေါ်အကြား မှားယွင်းတဲ့ ရွေးချယ်မှုတွေကို အမေရိကန်အစိုးရက ဆက်လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။
“ကျနော်မြင်တာက အကြမ်းဖက်တာမျိုးကို မစဉ်းစားဘဲ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့၊ ကျနော်တို့ရဲ့အင်အားနဲ့ ကျင့်ဝတ်ကို မြင့်မြင့်မားမား လက်ခံဖြေရှင်းနိုင်တဲ့ အတွေးအခေါ်ကို အတိအကျ ဆိုလိုတာပါ။ ကမ္ဘာတ၀န်းက အကြမ်းဖက်အဖွဲ့အစည်းတွေကို ကျနော်တို့မြင်နေတဲ့ပုံစံမျိုး မဟုတ်တဲ့ နည်းလမ်းတွေကို သုံးမယ့် အတွေးအခေါ်ပါ။”
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီကို ကြီးကြပ်ဖို့ အမေရိကန်ရေတပ် ဗိုလ်မှူးချုပ် ဒန်းနစ္စ ဘလဲ (Dennis Blair) ကို ရွေးချယ် တာဝန်ပေးလိုက်တယ်လို့ အိုဘားမားက ပြောပါတယ်။ ဗိုလ်ချုပ်ဒန်းနစ္စ ဘလဲက ဂွာတာနာမို အကျဉ်းစခန်းဟာ အကြမ်းဖက်သမားတွေ လူသစ်စုဆောင်းဖို့ အော်ဟစ်သံတွေ ကြားနေရတဲ့ နေရာလို့လည်း သူက ထုတ်ဖော်ပြောဆိုပါတယ်။
ဒါပေမယ့်လည်း ဒီလို အကျဉ်းစခန်းပိတ်ပစ်မှာနဲ့ ပတ်သက်လို့ ရီပတ်ဗလစ်ကန်ပါတီဝင်တွေကတော့ လက်မခံပါဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်း လွတ်မြောက်ခဲ့သူတွေ အယ်လ်ခိုက်ဒါး အကြမ်းဖက်အဖွဲ့နဲ့ ပြန်ပေါင်းခဲ့တာတွေကို ပြန်ပြီး ကိုးကားထောက်ပြပါတယ်။
ဂွာတာနာမို အကျဉ်းစခန်းနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ရှုတ်ချနေခဲ့တာ ကြာပါပြီ။ ဒီပင်လယ်အော်မှာ အမေရိကန်ရေတပ်က ရာစုနှစ်တခုကျော် ရေတပ်အခြေစိုက်စခန်းကို ဖွင့်လှစ်ထားတာပါ။ ကျူးဘားတော်လှန်ရေး မတိုင်ခင်ကတည်းက ကျုးဘားနိုင်ငံကမြေကို ငှားရမ်းပြီး ဖွင့်လှစ်ထားတာပါ။ အခု သမ္မတအိုဘားမားရဲ့ အမိန့်အရတော့ အကျဉ်းစခန်းကိုသာ ပိတ်ပစ်မှာဖြစ်ပြီး ရေတပ်အခြေစိုက်စခန်းကတော့ ရှိနေဦးမှာပါ။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုဘိုမင်းယုကို ကို ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုဘိုမင်းယုကို ကို ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်လိုက်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြထားပါတယ်။

ကိုဘိုမင်းယုကို ခေါ် ကိုဖြိုးကြီး ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃/၁ တခုတည်းနဲ့တင်ပဲ စွဲချက် ခြောက်ခု တင်ခဲ့တယ် ဆိုပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPB ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ သူလုပ်ခဲ့တာကလည်း အကြမ်းဖက် ဆူပူတဲ့လုပ်ရပ်တွေ တခုမှမပါပါဘူးလို့ အေအေပီပီ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။

“ကျနော်တို့ သိထားသလောက်ကတော့ သူက ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်အောင် ကြိုးစားတာလောက်ပဲ ရှိတယ်။ ကျန်တဲ့ လက်နက်ကိုင်ကိစ္စတို့၊ တခြားဟာတွေ မပါပါဘူး။ အဲဒီလို မပါတဲ့ ကျောင်းသားလေးတယောက်ကို ၁၀၄ နှစ် ချလိုက်တယ် ဆိုတော့ ကျနော်တို့လည်း ကြားရတာ တော်တော်အံ့သြမိပါတယ်။”

ဒီလောက် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတဲ့ လူတယောက်ကို ရုံးတင်စစ်ဆေးတဲ့အခါမှာလည်း ကာယကံရှင် ဘက်က ခုခံချေပဖို့ တရားဥပဒေကြောင်း အရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘာမှမရခဲ့ဘူးလို့ ကိုဘိုကြည် က ဆက်ပြောပါတယ်။

“သူတို့ ရှေ့နေ ငှားရမ်းခွင့်တို့ ဘာတို့လည်း မရခဲ့ဘူး။ အကျဉ်းချုပ်နည်းနဲ့ပဲ မန္တလေး အကျဉ်းထောင်ထဲမှာ သူ့ကို ပစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ သူ့မိသားစုတောင်မှ သေသေချာချာ မသိရဘူး။ နောက်ပြီးတော့ မိသားစုကလည်း ခုချိန်ထိ ထောင်ဝင်စာ တွေ့ခွင့်မရသေးပါဘူး။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ငြိမ်းငြိမ်းချမ်းချမ်း လှုပ်ရှားကြသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်တာ ကိုဘိုမင်းယုကို က ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလမှာ နိုင်ငံရေးလှုပ်ရှားသူ ၂၈၀ ထက်မနည်းကို ထောင်ဒဏ်နှစ်ရှည်တွေ ချခဲ့တဲ့ထဲမှာတော့ ကိုဘိုမင်းယုကို ဟာ အပြင်းထန်ဆုံး ချမှတ်ခံရသူ ဖြစ်တယ်လို့ အေအေပီပီ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ကိုဘိုမင်းယုကို အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် နိုင်ငံတကာက ပိုပြီး ဖိအားပေး လာအောင် ဆက်လုပ်သွားမယ်လို့ ကိုဘိုကြည် က ပြောပါတယ်။

“ဒီဟာက ရိုးရိုးတန်းတန်း ပြစ်ဒဏ်ချတာ မဟုတ်ဘဲနဲ့ လက်စားချေတဲ့ပုံစံမျိုး သက်ရောက်နေတယ်လို့ ကျနော်တို့ တွေ့ရတယ်။ နောက်တခုက ကျနော်တို့ ဒီ ကိုဘိုမင်းယုကို နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရတာ နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာနဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီတို့ဘာတို့မှာ ဒီအမှုအကြောင်းကို ကျနော်တို့ သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်နဲ့ ဘိုမင်းယုကို လွှတ်မြောက်ရေးအတွက် နိုင်ငံတကာက ပိုပြီးတော့ တောင်းဆိုလာအောင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျနော်တို့ ဆက်ပြီးတော့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်ပါ။

မြန်မာအာဏာပိုင်တွေ ကတော့ တကမ္ဘာလုံးရဲ့ ဝေဖန်သံတွေကြား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပါလို့ တိုက်တွန်းတောင်းဆိုသံတွေ ကြားမှာပဲ ဆက်ဖမ်းဆဲ၊ ဖမ်းဆီးထားသူတွေ ကို ထောင်ချဆဲ၊ ထောင်ချထားသူတွေကို ဝေးလံတဲ့ထောင်တွေဆီ ပြောင်းရွှေ့ဆဲ ရှိနေသေးတာမို့ မကြာခင် လပိုင်းတွေ အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့၊ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်လာဖို့ အလားအလာ နည်းပါး လှတယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ကြကြောင်းပါ။
အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက်
ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆို



ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြကြောင်း မျက်မြင်သက်သေများက ပြောသည်။

“ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။ (၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ” ဟု မြေနီကုန်း မီးပွိုင့်အနီးနေသူတဦးက ပြောသည်။ သို့သော် လမ်းလျှောက်ဆန္ဒပြသူများ အဖမ်းခံရခြင်း ရှိမရှိ ယခုအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပေ။

အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများထဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြားရကြောင်း ခေတ်ပြိုင်ကို ပြောသည်။ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အန်အယ်လ်ဒီလူငယ်များမှာ ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ရဲနီဦး၊ ပြေပြေ၊ အောင်ဖြိုးဝေ၊ မင်းသိန်း၊ ၀င်မြင့်မောင် (ခ) ပဲပြုတ်၊ ကောင်းထက်နိုင်နှင့် သက်မောင်ထွန်းတို့ဖြစ်သည်ဟု အေအေပီပီက ထုတ်ပြန်ထားသည်။

မျက်မြင်သက်သေအချို့၏ ပြောဆိုချက်အရ အဆိုပါလမ်းလျှောက်ဆန္ဒပြသူများသည် အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ စမ်းချောင်း လွှတ်တော်သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။
ခေတ်ပြိုင်သတင်း


အစ္စရေး လေကြောင်း တိုက်ခိုက်မှု ဂါဇာတွင် လူ ၂၀၀ ကျော် သေဆုံး

ပါလက်စတိုင်းတွေရဲ့ ဒုံးကျည်တွေ၊ မော်တာတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာ ကမ်းမြှောင်က ပစ်မှတ်တွေကို အစ္စရေး လေတပ်ရဲ့ အက်ဖ် - ၁၆ လေယာဉ်တွေက မနေ့က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အခုထိ သေဆုံးသူ အနည်းဆုံး ၂၂၅ ယောက် ရှိသွားပြီလို့ ပါလက်စတိုင်း ဒေသခံ ဆေးကုသရေး အဖွဲ့တွေက ဆိုပါတယ်။ အစ္စရေး လေတပ်ရဲ့ ဒုံးကျည်တွေက ဟားမက်စ် စစ်သွေးကြွတွေရဲ့ လုံခြုံရေး အဆောက်အဦတွေနဲ့ ချေကုပ်စခန်းတွေကို ထိမှန်ပြီး လူပေါင်း ၇၀၀ လောက်ဟာလည်း ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ ဂါဇာ ကမ်းမြှောင်က ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင်
ဗိုလ်ကြိး မူဆာ ကာမာရာ။


ဂီနီနိုင်ငံမှာ ဒီသီတင်းပတ်အတွင်း စစ်အာဏာ
သိမ်းပြီး နိုင်ငံရဲ့သမ္မတသစ်အဖြစ် သူ့ကိုယ်သူ
မကြေညာမီအထိ ဗိုလ်ကြီး မူဆာ ကာမာရာ
(Moussa Camara) ကို ဂီနီနိုင်ငံသားအများစုက
မသိကြပါဘူး။

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသား
ကောင်စီလို့ နာမည်ပေးထားတဲ့အဖွဲ့ကို ဦးဆောင်
ပြီး အသက် ၄၀ ခန့်ရှိတဲ့ ဗိုလ်ကြီးကာမာရာက
အာဏာသိမ်းယူလိုက်တာ ဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးရည်မှန်းချက်ထက်
တိုင်းပြည်အတွက် ပိုပြီးစိတ်ဝင်စားတဲ့ ရိုးသားသူ
တယောက်ဖြစ်တယ်လို့ ဒီသီတင်းပတ် ရေဒီယိုမိန့်ခွန်းထဲမှာ သူ့ကိုယ်သူ ဖော်ပြပြောဆို
ခဲ့ပါတယ်။

သူဟာ အာဏာကိုဆုပ်ကိုင်ထားဖို့ အစီအစဉ်မရှိဘဲ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်
ပွဲတွေ လုပ်ပေးသွားမယ်လို့ အလေးထားပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ
တွေကို ၂၀၁၀ မတိုင်ခင် လုပ်ပေးမယ့်အစီအစဉ် မရှိသေးပါဘူး။

ဂီနီနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျ အာဏာလွှဲပြောင်းပေးတဲ့ အတွေ့အကြုံက မရှိ
သလောက်ပါ။ ၁၉၅၈ ခုနှစ် ပြင်သစ်ထံက လွတ်လပ်ရေးရပြီးကတည်းက သမ္မတ
တယောက်တည်းကနေ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်စုကို အမျိုးသမီး ခေါင်းဆောင်များ ကောင်စီ ဂုဏ်ထူးဆောင် အဖွဲ့ဝင် ရာထား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (မေလ ၆၊ ၂၀၀၂)မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီရဲ့ ဂုဏ်ထူးဆောင် ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ ရာထားလိုက်ပါတယ်။ ၀ါရှင်တန် မြို့တော် အခြေစိုက် ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီက ကြေညာချက် ထုတ်ပြန်ထားတာနဲ့ပတ်သက်လို့ ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။
ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီမှာ ကမ္ဘာတ၀ှမ်း လက်ရှိနဲ့ အရင်က တာဝန် ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီး ခေါင်းဆာင် ၃၇ ယောက်က ဦးဆောင် ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအဖွဲ့ရဲ့ ပထမဆုံး ဂုဏ်ထူးဆောင် ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ မဲပေး ရာထားခံထားရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည် လွတ်လပ်ရေး၊ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ နဲ့ ဒီမိုကရေစီ ပြန်လည် ပေါ်ထွန်းရေး ကြိုးပမ်းချက်တွေကြောင့် အခုလို ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီရဲ့ ဂုဏ်ထူးဆောင် ကောင်စီ အဖွဲ့ဝင် အဖြစ်လက်ခံဖို့ ရာထားတာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီဟာ ကမ္ဘာတ၀ှမ်း အမျိုးသမီး ခေါင်းဆောင်တွေအပေါ် တာဝန်အပ်နှင်းမှုနဲ့ အမျိုးသမီးအမျိုးသား ခွဲခြားမှုတွေ အဆုံးသတ်ဖို့၊ အမျိုးသမီးခေါင်းဆောင်တွေနဲ့ အမျှော်အမြင်နဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ကမ္ဘာတ၀ှမ်း အစိုးရကောင်းတွေ ပေါ်လာအောင် ထောက်ပံ့ကူညီဖို့ ဦးတည်ပြီး နိုင်ငံတကာ အတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒီအဖွဲ့ရဲ့ လက်ရှိ ဥက္ကဋ္ဌက ကုလသမဂ္ဂလူ့အခွင့်ရေးရာ ကော်မရှင် မင်းကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးတဲ့ အိုင်ယာလန် သမ္မတဟောင်း မေရီ ရော်ဘင်ဆင် (Mary Robenson) ပါ။ ကောင်စီ အဖွဲ့ဝင် တယောက်ဖြစ်တဲ့ ဂါနာ သမ္မတဟောင်း ဂျဲနက် ဂျေဂင် (Janet Jagan) က မြန်မာနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် စိုးရိမ်တဲ့အကြောင်း၊ အမြန်ဆုံး ပြန်လွတ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုတာကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နောက် ပြင်သစ် ၀န်ကြီးချုပ်ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ အီဒစ်တ် ခရက်စ်ဆန် (Edith Cresson) ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အမျိုးသမီးခေါင်းဆောင်များ ကောင်စီရဲ့ ကြိုးပမ်းချက်တွေကို ထောက်ခံတဲ့ အကြောင်း ပြောဆိုထားပါတယ်။
ဒေါ်စု လွတ်မြောက်ရေး ပြင်းပြင်းထန်ထန် ဆောင်ရွက်ဖို့ နိုဘယ်လ်ဆုရှင်တွေ တိုက်တွန်း

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပိုပြီး ပြင်းပြင်းထန်ထန် တိုက်တွန်း ဆောင်ရွက်ဖို့ ဥရောပ နိုင်ငံတွေနဲ့ ကမ္ဘာ့ ကုလသမဂ္ဂကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တွေက တိုက်တွန်းလိုက်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပနေတဲ့ (၉) ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တွေရဲ့ ထိပ်သီး ညီလာခံကနေ အိုင်ယာလန်နိုင်ငံက ရော့ခ်အဆိုတော် ဘိုနို ကိုလည်း ငြိမ်းချမ်းရေး အကျိုးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာအောင် တိုက်တွန်းဖို့ နိုဘယ်လ်ငြိမ်းချမ်းဆုရှင်တွေက ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။ အခမ်းအနားမှာ အိုင်ယာလန်နိုင်ငံက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုင်းရိဒ် ကော်ရီဂန် မက်ကွိုင်းယား (Mairead Corrigan Maguire) က မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးအတွက် မဆုတ်မနစ် ဆက်ပြီး တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးရဲ့ ရဲရင့်မှုနဲ့ သတ္တိကို အမှတ်တရ ရှိနေစေချင်ပါတယ်။ ဒါကို ကမ္ဘာက အမှတ်တရ ရှိနေစေဖို့ ကျမတို့ ဒီနေ့ ဒီနေရာမှာ စုဝေး ရောက်ရှိ နေတာပါလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ပြောဆိုသွားပါတယ်။

နိုင်ဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် တွေရဲ့ (၉) ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ သုံးရက်ကြာ ကျင်းပပါတယ်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲခဲ့တဲ့ နှစ် (၆၀) ပြည့် အထိန်းအမှတ် အခါသမယ နဲ့ တိုက်ဆိုင်ပြီး ဒီ ထိပ်သီး ညီလာခံကို ကျင်းပတာပါ။


ငြိမ်းချမ်းရေးအကျိုးဆောင်ဆု ချီးမြှင့် ခံရသည့် ရော့ခ် အဆိုတော် ဘိုနို (၂၀၀၈)
အိုင်ယာလန်နိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေဖြစ်ကြတဲ့ ဘက်တီ ၀ီလျံ (Betty William)၊ ဂျွန်ဟူးမ် (John Hume)၊ တောင်အာဖရိက သမ္မတဟောင်း အက်ဖ် ဒဘလျု ဒီ ကလပ် (F.W de Klerk) နဲ့ ပိုလန်နိုင်ငံက နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Lech Walesa (လက်ခ် ဗာဝင်ဆာ) တို့လည်း တက်ရောက်ပါတယ်။ အိုင်ယာလန်နိုင်ငံက နာမည်ကြီး ရော့ခ် အဆိုတော် ဘိုနို ကို ညီလာခံကနေ Man of Peace ငြိမ်းချမ်းရေးအကျိုးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။

အခုလို ညီလာခံကနေ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ နိုင်ငံတကာ ခေါင်းဆောင်တွေ တောင်းဆိုတာက ဘယ်လောက်အထိ ထိရောက်မှု ရှိနိုင်ပါသလဲ။ ပါရီမှာ နိုဘယ်ဆုရှင်တွေရဲ့ ထိပ်သီး အစည်းအဝေး အခမ်းနားကို တက်ရောက်နေတဲ့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ အဖွဲ့က အဖွဲ့ဝင် ၀န်ကြီး တဦးဖြစ်သူ ဦးဘိုလှတင့် က အခုလို သူ့သဘောထားကို ပြောဆိုပါတယ်။


“ဘိုနိုကို ဆုပေးတဲ့အခမ်အနားမှာ ပြင်သစ် သမ္မတကတော် လည်း တက်တယ်၊ မြို့တော်ဝင်လည်း တက်တယ်၊ (၉) ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ညီလာခံမှာ ဆုံးဖြတ်ချက် ချတဲ့အခါမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်မြေက်ရေး ပိုပြီးတော့ အာရုံစိုက်ဆောင်ရွက်ဖို့ တိုက်တွန်းတာမျိုး၊ သူတို့တတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုဘယ်လ်ဆုရှင်တွေ ဦးဆောင်ပြီး တကမ္ဘာလုံးမှာ စပြီးဆောင်ရွက်ဖို့ ဆုံးဖြတ်ချက် ချတယ်ဆိုတော့ ထိရောက်မှု ရှိမရှိ ဆိုတာက နအဖက တကမ္ဘာလုံးရဲ့ အသံကို ဘယ်လောက်အထိ လေးစား လိုက်နာတယ် ဆိုတဲ့အပေါ်မှာ မူတည်မှာပဲ၊ ဒါပေမယ့် သူတို့ လှုပ်ရှားမှုကတော့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ ဦးဆောင်လုပ်မယ် ဆိုတာ စ ကြေညာတာဆိုတော့ ထိရောက်မှုတွေ အများကြီး ရှိမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”


ဦးဘိုလှတင့် ပြောသွားတာပါ။ အခမ်းအနားမှာ ငြိမ်းချမ်းရေး အကျိုးဆောင် ဆု ချီးမြှင့်ခံရတဲ့ ရောခ့် အဆိုတော် ဘိုနို က ဒီဆုဟာ သူ့လို ရော့ခ် ဂီတ သမားတယောက်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသလောက်အထိ ကျေနပ် ကြည်နူး မိပါတယ်လို့ ပြောသွားပါတယ်။

အာဖရိကတိုက်ရဲ့ ကြွေးမြီ အကျပ်အတည်း၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ ရောဂါပျံ့ပွားမှု ကာကွယ်ရေး နှစ်ပေါင်း ၂၀ လောက် အကျိုးဆောင်ခဲ့သူအဖြစ် ဒီလို ငြိမ်းချမ်းရေး အကျိုးဆောင် ဆုကို ချီးမြှင့်တာပါ။ ဘိုနို ဟာ သီချင်းတွေ စာသားတွေနဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ခဲ့သူ၊ တိုက်ပွဲဝင်နေမယ့်သူ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခဲ့သူ၊ တိုက်ဖျက်နေမယ့်သူ လို့ အခမ်းအနားကို ပူးတွဲ ကျင်းပတဲ့ အီတလီနိုင်ငံ လက်ဝဲယိမ်း ခေါင်းဆောင် ဝေါ်လ်တာ ဗက်ထရိုနီ (Walter Veltroni) က အခမ်းအနားမှာ ပြောဆိုပါတယ်။


ဘိုနို က ဆုကို လက်ခံရယူပြီးတဲ့အချိန် မိန့်ခွန်းပြောကြားတဲ့အခါ ဒီ ထိပ်သီး ညီလာခံမှာ ရောက်မလာနိုင်တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အမှတ်တရအဖြစ်နဲ့ သူ လေးစားမိတဲ့ အကြောင်း တခုတ်တရ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
Human Right 1


ဦးနေ၀င်းရဲ့သမီး ဒေါ်စန္ဒာဝင်း နေအိမ်အကျယ်ချုပ်က ပြန်လွတ်

၂၀၀၂ ခုနှစ်က အာဏာသိမ်းဖို့ ကြိုးစားမှုမှာ ပါဝင်ပတ်သက်တယ် ဆိုပြီး နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံထားရတဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ သမီး ဒေါ်စန္ဒာဝင်းကို စစ်အစိုးရ နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။ဒေါ်စန္ဒာဝင်းရဲ့ ခင်ပွန်းဖြစ်သူ ဦးအေးဇော်ဝင်းနဲ့ သား သုံးယောက်ဟာ အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်ဆိုပြီး ဆိုင်းငံ့သေဒဏ်တွေ စီရင်ခံရပြီး အင်းစိန်ထောင်ထဲမှာ အကျဉ်းချခံနေရဆဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရတဲ့ အစိုးရအဖွဲ့ကို ဖြုတ်ချ၊ စစ်တပ်နဲ့ အာဏာသိမ်းခဲ့သူ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ အရှေ့တောင် အာရှနိုင်ငံတွေထဲက အချမ်းသာဆုံး မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခုဖြစ်အောင် လုပ်ဆောင်သွားသူ ဖြစ်ပါတယ်။ လက်ရှိ စစ်အစိုးရကလည်း ဦးနေ၀င်းဆီကနေ အမွေဆက်ခံထားတဲ့ အစိုးရဖြစ်ပါတယ်။




Martti Ahtisaari(former president in finland)at Nobel ceremony Oslo

(Check against delivery)Your Majesties, Your Royal Highnesses, ExcellenciesDistinguished members of the Nobel Committee, Dear Friends and Colleagues around the world, I feel both humility and gratitude at receiving this year’s Nobel Peace Prize. It is the greatest recognition anybody working in this field can be given.What I am feeling now can only be compared with the joy I have felt when seeing the changes that peace has brought to the lives of people. When people, who have endured wars and crises, begin to build their lives in an atmosphere of peace - When faith in the future returns.I too was a child affected by a war. I was only two years old when, as a result of an agreement on spheres of interest between Hitler’s Germany and Stalin’s Soviet Union, war broke out, forcing my family to leave soon thereafter the town of Viipuri. Like several hundred thousand fellow Karelians, we became refugees in our own country as great power politics caused the borders of Finland to be redrawn and left my home town as part of the Soviet Union. This childhood experience contributed to my commitment to working on the resolution of conflicts.*****Mediators do not choose the conflicts they became involved in but the parties to the conflict choose the mediator. Their participation as intermediaries is based on the trust of all the conflicting parties. The task of the mediator is to help the parties to open difficult issues and nudge them forward in the peace process. The mediator’s role combines those of a ships pilot, consulting medical doctor, midwife and teacher.However, there tends to be too much focus on the mediators. With that we are disempowering the parties to the conflict and creating the wrong impression that peace comes from the outside. The only people that can make peace are the parties to the conflict, and just as they are responsible for the conflict and its consequences, so should they be given responsibility and recognition for the peace.The process leading to Namibian independence was long and required strong commitment and determination from the Namibians. Namibia is also an excellent example of what the UN and its member states can achieve at their best. Today, looking back to those years, it feels almost unbelievable that we managed to get all the key actors, the Western five (US, UK, France, Germany and Canada), the Soviet Union, the Organisation of African Unity, (represented by the African front-line states), the South-African government and all the political parties in Namibia, including SWAPO, to work towards a shared goal. It also taught that a durable solution can only be found if one is also prepared to engage in discussions with your political opponents. I do believe that the experience from the Namibia operation encouraged the government of South Africa to begin the process of democratic change.The peace process in Aceh showed how important it is that a country’s political leadership is committed to finding a solution to an internal conflict. Joint efforts by the political leadership in Indonesia and the Free Aceh Movement resulted in a peace agreement. However, it was only a start. Social and economic reforms can only progress if both negotiating parties and the population at large are committed to them in the long term. Work remains to be done in developing a national system that protects, sustains and improves the quality of life in Aceh.All conflicts can be resolvedWars and conflicts are not inevitable. They are caused by human beings. There are always interests that are furthered by war. Therefore those who have power and influence can also stop them.Peace is a question of will. All conflicts can be settled, and there are no excuses for allowing them to become eternal. It is simply intolerable that violent conflicts defy resolution for decades causing immeasurable human suffering, and preventing economic and social development. The passivity and impotence of the international community make it more difficult for us to place our faith in jointly built security structures. Despite the many challenges, even the most intractable conflicts can be resolved if the parties involved and the international community join forces and work together for a common aim. The United Nations provides the right framework for international peace efforts and solutions to global problems. However, we are all aware of the constraints of the United Nations and of the tendency of the member states to give it demanding assignments without providing adequate resources and political support. It is important that the UN member states work resolutely to strengthen the world organization. We cannot afford to lose the UN.In a conflict, one party can always claim victory, but building peace must involve everybody: the weak and the powerful, the victors and the vanquished, men and women, young and old. However, peace negotiations are often conducted by a small elite. In the future we must be better able to achieve a broader participation in peace processes. Particularly, there is a need to ensure the engagement ofwomen in all stages of a peace process.Peace processes and the agreements resulting from them end the violence. But the real work only starts after a peace agreement has been concluded. The agreements reached have to be implemented. Social and political change does not happen overnight, and the reconstruction and establishment of democracy demand patience. That requires a comprehensive approach to peacebuilding, and support for civil society.Inequality breeds conflictGrowing inequality within countries and between regions deepens the existing cleavages. It is our task to create a future and hope for regions and countries in crisis where young people suffer from unemployment and have little prospects of improving their lives. Unless we can meet this challenge, new conflicts will flare up and we will lose another generation to war.There has been a great deal of talk this year about the financial crisis. This financial crisis also highlights the importance of maintaining the commitment of the international community to development cooperation. The effects of this crisis may prove another major setback for the developing world. The very poorest people are already being hit hardest by the impact of climate change, rising food prices and lower levels of foreign trade. A reduction in foreign assistance and investment would be disastrous for badly needed economic growth. At this difficult time, I call on all governments to remain committed to their stated goals of eradicating poverty. We must all be able to contribute to our own future and to the future of our communities. If the present trend continues, we will be faced with a situation where hundreds of millions of young people will be out of work in countries that are in early stages of development. If nothing is done, we will be creating an effective breeding ground for crime, instability and war as young people lose all hope. I believe that fight against poverty is also the most effective measure of countering terrorism in the long term.I returned ten days ago from Liberia I came away with mixed feelings. First a feeling of sadness at the scale of destruction that the war left in Liberia and the size of the challenge for the Government and the international community. Secondly a degree of optimism that the people we met, can begin to make a real difference - but only if the international community can retain its commitment to Liberia over the long term. Conflict settlement requires the injection of optimism and hope born from employment and economic opportunities. Otherwise, fragile peace agreements can rarely be sustained. Over the long term, only the private sector is capable of growing new enterprises, creating investment opportunities which provide employment and enduring economic security. Attracting private-sector investment into war-torn areas is not easy. It requires innovation. A mix of non-economic and economic incentives will have to be devised. Similarly, involvement of the private sector in the larger work of formulating strategies for post-war recovery will require innovative thinking.A solution must be found to the Middle East conflictThe most challenging peace-building project ahead of us is finding a solution to the conflicts in the Middle East, which have continued for decades. The tensions and wars in the region have been going on for so long that many have come to believe that the Middle East knot can never be untied.I do not share this belief. All crises, including the one in the Middle East, can be resolved. The solution would require a contribution from all the parties involved as well as the international community as a whole. We might be strengthened in our resolve if we set our sights on the future and imagine what the world could look like if the countries in the region could jointly begin to develop their economic potential, build transport links, make full use of their educated population and begin to reap the benefits of an advantageous location in the crossroads of three continents. I hope that the new President of the United States, who will be sworn in next month, will give high priority to the Middle East conflict during his first year in office. The European Union, Russia and the UN must also be seriously committed so that a solution can be found to the crises stretching from Israel and Palestine to Iraq and Iran. If we want to achieve lasting results, we must look at the whole region.The credibility of the whole international community is at stake. We cannot go on, year after year, simply pretending to do something to help the situation in the Middle East. We must also get results.For many people, tensions between religions have provided an easy explanation for the intractability of the Middle East crisis. I cannot accept this view. During my career I have seen many crises in which religion has been used as a weapon or as an instrument for prolonging the conflict. Religions themselves are, however, peace-loving. They can also be a constructive force in peace-building, and this also applies to the Middle East.Peace mediators do not work aloneAll parties to the conflict play a key role in finding a peaceful solution and putting it into practice. Likewise, a single outside party is rarely able to play all the roles that are required for a peace process to succeed.All my peace assignments have taught me that a peace process is largely a matter of cooperation and partnership between different actors, parties to a conflict, peace mediators, governments, the civic society and international organizations.Even though all eyes are often on the peace mediators, it is important to emphasize the role of the mediation teams and the other important actors outside the direct negotiation process itself. In my work I have always been in a privileged position to build up my own team, including my colleagues at the organization I founded after my Finnish Presidency, Crisis Management Initiative. I have had the opportunity to work with many highly qualified colleagues in different peace processes. Without them I would not be here today.I hope that all those brave women and men that have worked for the peace in their country would feel that they can share this prize with me.However, my biggest source of strength is my family. My wife Eeva and my son Marko have always been at my side. They have provided me with both support and constructive criticism. I offer them my heartfelt thanks.Dear friends,I hope that this distinguished prize awarded to me will encourage individuals and organizations to continue their efforts for peace. I also hope that they will receive full support for their work in the future.If we work together, we can find solutions. We should not accept any excuses from those in power. Peace is a question of will. Thank you!
* * *



မွန်ဘိုင်းအကြမ်းဖက်မှု ဓါးစာခံတချို့ ကျန်နေဆဲ
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ က အကြမ်းဖက်သမားတွေ သိမ်းပိုက်ထားတဲ့ ဟိုတယ်တွေ နဲ့ တခြားနေရာတွေမှာ ကျန်နေတဲ့ အကြမ်းဖက်သမား တွေကို အိန္ဒိယ ကွန်မန်ဒို တွေက သုတ်သင် ရှင်းလင်းပစ်ဖို့ ကြိုးစားနေပါတယ်။ အခုချိန်ထိတော့ သေဆုံးသူဦးရေ ဟာ အနည်းဆုံး ၁၄၉ လောက်ရှိပြီး ၃၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Steve Herman နယူးဒေလီ တောင်အာရှဗြူရို ကနေ သတင်းပေးပို့ထားတာနဲ့အတူ ကိုဇော်ဝင်းလှိုင်က အိန္ဒိယနိုင်ငံက နောက်ဆုံးအခြေအနေတွေကို စုစည်း တင်ပြထားပါတယ်။
နောက်ဆုံး ကျန်ရှိနေတဲ့ ဓါးစာခံတွေ လွတ်မြောက်ဖို့အတွက် အလောတကြီး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ အခု သောင်းကျန်းသူတွေ သိမ်းပိုက်ထားတဲ့ Taj Palace Hotel ရှေ့ မှာ ကြည်းတပ် ဒုတိယ ဦးစီးချုပ် ဗိုလ်ချုပ် Noble Thamburaj က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အခုချိန်ထိတော့ Taj ဟိုတယ်ထဲမှာ အကြမ်းဖက်သမားတယောက် က ဓါးစာခံတွေကို ဆက်ပြီး ထိန်းသိမ်းထားတုန်းပဲလို့ ဗိုလ်ချုပ် Noble က ပြောပါတယ်။ တခြား ဟိုတယ်တခုဖြစ်တဲ့ Trident Oberoi ကိုတော့ အခုချိန်မှာ အိန္ဒိယ ကွန်မန်ဒို တွေက သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
အခုလို လူစည်ကားပြီး အရေးပါတဲ့ နေရာတွေကို ၀င်ရောက်သိမ်းပိုက်ပြီး လူတွေကို သတ်ဖြတ်ဖို့အတွက် အကြမ်းဖက်သမားတွေ ဟာ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့ပုံ ရတယ်လို့ အိန္ဒိယ သိပ္ပံရေးရာဝန်ကြီး Kapil Sibal က ပြောပါတယ်။
“သူတို့က Taj နဲ့ Trident Oberoi ဟိုတယ်တွေမှာ အသေးစိတ် ညွန်ကြားနိုင်တဲ့ အခန်းတွေ ကြိုတင် စီစဉ်ထားခဲ့တာဗျ။ သူတို့က ဒီစစ်ဆင်ရေးကို အဲဒီအထဲကနေပဲ စီစဉ် ညွန်ကြားနေကြတာလေ။ ဒါကြောင့် ဒီကိစ္စကို သူတို့ လွန်ခဲ့တဲ့ လ အတန်ကြာ ကတည်းက စီစဉ်ခဲ့ကြတယ် ဆိုတာ သိသာပါတယ်။”
အခုနောက်ဆုံး မွန်ဘိုင်းမြို့ က နောက်ဆုံး အခြေအနေတွေ ဘယ်လိုရှိသလဲလို့ မွန်ဘိုင်းမြို့ ခံ တဦးဖြစ်တဲ့ ဦးခင်ဝင်းကို မေးကြည့်တော့ သူက အခုလို စပြောပါတယ်။
“Taj နဲ့ Oberoi နေရာတွေမှာ ရဲ နဲ့ ရန်သူတွေနဲ့ ပြဿနာ ဖြစ်နေတယ်။”
အခုထိ ဖြစ်နေတုန်းပဲလား။ -
“အခုထိ ဖြစ်နေတုန်းပဲ။ ဒီနေ့ ထပ်ပြီးတော့ ဖြစ်တယ်။ ဟိုက လူတွေကို ထပ်ပြီးတော သတ်တယ်။”
အသစ်ထပ်ပြီးတော့ ပစ်ကြ ခတ်ကြတယ်ပေါ့။ -
“အသစ် က ဟိုတယ်မှာ ကျန်တဲ့ကောင်းတွေက ရဲတွေကို ပြန်ပြန် ပစ်နေတယ်။ စစ်သားတွေ ကွန်မန်ဒို တွေကို ပြန်ပြန် ပစ်နေတယ်။ ဒီနေ့ ဘုံဘေ ၀ီတီ စတေရှင် ဆိုတာ သိတယ် မဟုတ်လား။ အဲဒီဘူတာ မှာ ပြန်ပြီး ခရီးသည်တွေကို ပြန်ဝင် ပစ်တယ်။”
ဘူတာမှာ လူတွေ ထပ်သေ သေးလား။ -
“မနေ့က သတင်းအရတော့ လူ ၁၀၀ ကျော် သေတယ်။ ဒီနေ့ အခု တီဗွီမှာ ပြနေတာတွေကို အစိုးရက ပိတ်လိုက်တယ်။ ပစ်ခတ်နေတာတွေကို မပြရဘူးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်သူတွေကလည်း ဟိုဘက်ကနေ ကြည့်နေတော့ သူတို့က ဘာလုပ်နေလဲ။ ဘယ်လို စစ်ဆင်ရေးတွေ လုပ်နေလဲ ဆိုတာ အားလုံးသိနေကြတယ်။”
ဒီနေ့ ဘူတာမှာ ထပ်ပစ်တာက လူသေတာ ရှိလားခင်ဗျ။ -
“အဲဒီက မကြေညာဘူး သူတို့က။ အစိုးရ က ပိတ်လိုက်တယ်လေ။”
ဒါဆိုလို့ရှိရင် အခု ဦးခင်ဝင်းတို့ သိနေရတာ ကြားနေရတာက up to date ဖြစ်သလား ခင်ဗျ။ -
“up to date ကတော့ ဒီလိုလေ။ သူတို့ မနေ့ကဥစ္စာက နေ့လည် ၁၁ နာရီအထိတော့ လုံးဝ up to date ကြားတယ်။ အဲဒီနောက်ပိုင်းတော့ အားလုံးကို သူတို့က အဟောင်းတွေပဲ ပြန်ပြတယ်။”
ကျနော်တို့ ဒီမှာ ကြားတာက Oberoi ကိုတော့ သူတို့ ပြီးသွားပြီ။ Taj ဟိုတယ်မှာတော့ ကျန်သေးတယ် ပြောတယ်။ ဟုတ်လား မသိဘူး။ -
“Taj ဟိုတယ်မှာ ကျန်သေးတယ်။ သူတို့ ပထမ ထင်တာက ဟိုတယ် ပထမ ထပ်ကနေ ၅ ထပ်အထိ သူတို့ လုံးဝ ရှင်းသွားပြီ ထင်တာ။ နောက် ဒီနေ့မှာ တထပ်မှာ ထပ်ပြီးတော့ ဗုံးပြန်ပေါက်တယ်။ Taj ဟိုတယ်မှာလေ။ သူတို့က မနေ့က ၅ ထပ်အထိ ရှင်းပြီးပြီ။ နောက် ဒီနေ့ နိုင်ငံခြားသား တော်တော်များများ ကို လွှတ်လိုက်တယ်။ ကျန်တဲ့သူတွေကိုတော့ ဖမ်းထားတယ်။”
အခု သေသွားတဲ့အထဲမှာလေ။ ဦးခင်ဝင်း တို့ ကြားမိလား မသိဘူး။ နိုင်ငံခြားသားတွေ တော်တော် များလား။ -
“၉ ယောက်။”
ဘယ်နိုင်ငံသားတွေလို့တော့ မသိဘူးပေါ့နော်။ -
“Europe နဲ့ အမေရိကန်နိုင်ငံသားတွေ လို့ ပြောတယ်။ အများသောအားဖြင့်တော့ ဟိုတယ် က အမှုထမ်းတွေ များပါတယ်။ ကောင်တာမှာ ရပ်နေတဲ့ ကောင်မလေး သုံးယောက်ကို သတ်ပစ်တယ်။ ထမင်းချက် အဆောင်မှာရှိတဲ့ ခေါင်းဆောင်ကို သတ်ပစ်တယ်။”
အခု ဒီဟော်တယ် က ဦးခင်ဝင်းရေ ဘယ်နှစ်ထပ်လောက် ရှိလဲ။ -
“ဒီဟိုတယ် က အသစ် က ၁၉ ထပ် ရှိတယ်။ အဟောင်းက ၆ ထပ်ပဲ ရှိပါတယ်။”
အခု ဆိုတော့ ဘုံဘေမြို့ခံ မြို့သားတွေက အခု ဘယ်လို နေကြလဲ။ သွားလာလှုပ်ရှားမှု အနေအထားက။ -
“ဘုံဘေကတော့ ဒီလို ရှိတယ်။ မနေ့ကတော့ ပိတ်သလောက်ပဲ။ ဒီနေ့တော့ ရုံးတွေ ဖွင့်တယ်။ ကျနော်လည်း အခု ရုံးမှာပဲ ထိုင်နေပါတယ်။”
ဘက်စ်ကားတွေလည်း သွားသွားလာလာပဲလား။ -
ဘက်စ်ကား၊ ရထား အားလုံး သွားနေတယ်။ လေယာဉ်ပျံလမ်းလည်း ဖွင့်နေပါတယ်။”
အခုနောက်ဆုံး ဦးခင်ဝင်း ကြားရသလောက် သတင်းတွေထဲမှာ အဲဒီမှာ ဘုံဘေ (မွန်ဘိုင်း) မှာ ကြားရသလောက် ဆိုရင်တော့ ဘယ်နှစ်ယောက် ရှိသလဲ ခင်ဗျ။ -
“ဒီမှာ အခုထပ်ထိ အခြေအနေကတော့ ၁၃၂ ယောက် ကြားပါတယ်။ ဒီ မြန်မာပြည်အစိုးရ လိုပဲ ဒီကလည်း တ၀က် ကြေညာတယ်လေ။”
မွန်ဘိုင်းမြို့ ခံ ဦးခင်ဝင်း ပြောပြသွားတာဖြစ်ပါတယ်။