မင်းသမီး blog သည်သာမန် မှတ်တမ်း blog တခုသာဖြစ်ပါသည်
ABSDF နှစ်၂၀ မြောက်နေ့ တွင်ဒီမိုကရေစီတော်လှန်ရေးအတွက်တိုက်ပွဲဝင်ကျဆုံး ခဲ့ကြသောရဲဘော်တို့အားဦးညွတ်ဝုဏ်ပြုလျက်


ဥယျောဇဉ်
မည်သည့် တော်လှန်ရေးသမိုင်း၌မဆို အညတရရဲဘော်များ၏
စွန့် လွတ်အနစ်နာခံမှူတန်ဖိုးမှာကြီးမားလှပေသည်၊သို့ ရာတွင်ထိုရဲ
ဘော်တို့ ၏မြင့် မြတ်လှသောစွန့် လွတ်မှုများသည်သမိုင်းစာမျက်နှာ၌
တစုံတရာမျှမှတ်တမ်းတင် မခံရသည့့်အပြင်သမိုင်းမှပင်ပျောက်ကွယ်
သွားတတ်ကြသည်မှာ ရင်နာဖွယ်ကောင်းလှပေသည်၊၊
ထို့ ကြောင့် မြန်မာပြည်ဒီမိုကရေစီနှင့်လူ့ အခွင့် အရေးတိုက်ပွဲ
စဉ်ကာလတလျှောက်တထောင့် တနေရမှကိုယ်ကျိုးမဖက်ဘဲတော်လှန်
တိုက်ပွဲဝင်ရင်းအသက်စွန့် လှူသွားကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊အမှတ်(၂၀၁)တပ်ရင်းမင်းသမီး
စခန်းမှရဲဘော်များ၏တော်လှန်သောသွေးသမိုင်းအမှန်ကို ဖော်ထုတ်၍
ဝု​ဏ်ပြုလိုက်ပါသည်၊၊
တချိန်တည်းမှာပင်ကျွန်ုပ် တို့ ၏တန်ဖိုးထားမှု၊လေးစားဝုဏ်ယူမှု
တို့ သည်ကျွန်ုပ်တို့ ၏နှလုံးသားတွင်ရဲဘော်တို့ ၏သွေးသစ္စာနှင့်မကွာ
တည်ရှိနေမည်မှာမုချဖြစ်ပေသည်။ကျွန်ုပ်တို့ ၏စေတနာနှင့် သစ္စာကို
လည်းရဲဘော်တို့ ရောက်ရာအရပ်မှသာဓုခေါ်နိုင်ကြပါစေ၊၊
ရဲဘော်တို့ ကောင်းရာသုဝတိလားပါစေ။
အစဉ်ဦးညွတ်လျက်
ရဲဘော်ရဲဘက်များ
အမှတ် (၂၀၁) တပ်ရင်း
မင်းသမီးစခန်း
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး