မင်းသမီး blog သည်သာမန် မှတ်တမ်း blog တခုသာဖြစ်ပါသည်

Headmaster U Pan Kyaw



ထားဝယ်မြို့ရှိဥတ္တံတားကြီးအနီးရှိဆရာကြီးဦးပန်းကျော်ကျဆုံးရာတပ်ဦးရုံးတည်ရှိရာနေရာ (၁၉၈၈)

ဆရာကြီးဦးပန်းကျော်
ဆရာကြီးဦးပန်းကျော်အား၈လေးလုံးလှုပ်ရှားမှု့ ကာလအတွင်းထားဝယ်မြို့၌လူတိုင်းသိ
ကြပါသည်၊ဆရာကြီးသည်ထားဝယ်မြို့မြောင်းပုလဲအလကမှကျောင်းအုပ်ဆရာကြီးဖြစ်ပါ
သည်၊ဆရာကြီးသည်ရိုးသားသည်ကြိုးစားသည်၊စည်းကမ်းကြီးသူလည်းဖြစ်ပါသည်၊
သူ၏ကျောင်းမှနှစ်စဉ်နှစ်တိုင်း၈တန်းအစိုးရစာမေးပွဲတွင်တန်းလုံးကျွတ်အောင်မြင်လေ့ရှိပါ
သည်၊၁၉၈၂ ကာလတွင်ဆရာကြီးအားတိုင်းကောင်စီလုပ်ငန်းစစ်ဆေးရေးကော်မီတီအ
ဖွဲဝင်အဖြစ်၎နှစ်တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ သည်၊ထိုကာလအတွင်း၆လပတ်စည်းဝေးပွဲ
များ၌ဆရာကြီးသည်သူ၏တာဝန်အတိုင်းတွေ့ ရှိချက်များအားအမှန်အတိုင်းတင်ပြလေ့ရှိ
သဖြင့်ဆရာကြီးအားမနှစ်မြို့သူများလှပေသည်ထုံးစံအတိုင်းပင်နောင်လေးနှစ်သက်တမ်း
တွင်ဆရာကြီးဘေးရောက်ခဲ့ရသည်၊ထိုခေတ်အခါကတိုင်းကောင်စီဝင်များ၊ဒေသပါတီ
ကော်မီတီဝင်များ၏အိမ်များ၌ကားများတဝီဝီ၊မှောင်ခိုပစ္စည်းများအပြည့် ဖြင့်နေနေချိန်တွင်
ဆရာကြီး၌ကိုင်ပိုင်စက်ဘီးစုတ်ကလေးဖြင့်ရုန်းကန်နေရပြီးအိမ်တွင်လည်းကက်စက်(ဝျေ
ဗွီစီ)အစုတ်သာရှိသည်၊ထားဝယ်မြို့ တွင်၈လေးလုံးကာလ၌ဆရာကြီးသည်ထားဝယ်တ
နယ်လုံးဆိုင်ရာတပ်ဦး၏အထွေထွေအတွင်းရေးမှူးအဖြစ်စံနစ်တကျစီမံကွပ်ကဲခဲ့သည်
စစ်ဘီးလူးများအာဏာသိမ်းပြီး၂၀ ရက်နေ့ တွင်ထားဝယ်မြို့ ခလရ ၂၅ မှ ဗိုလ်မှူးမြင့်ု
သိမ်းဦးဆောင်သောတပ်စုတစုသည်ဆရာကြီးရုံးဖွင့်ထားသောဥတ္တတားကြီးအနီးရှိတပ်ဦး
ရုံးသို့ လာရောက်ကာ ဆရာကြီးအားတပ်ဦးရုံးအရှေ့ ရှိပြည်သူများလွင့်ထူထားသောအလံ
တော်အားဖြုတ်ချရန်အမိန့် ပေးသည်၊ထိုအခါဆရာကြီးပြန်လည်ပြောကြားသည်မှာထိုအ
လံမှာသူတဦးတည်းလွင့်ထူထားသည့်အလံမပာုတ်ကြောင်း၊ပြည်သူများဆန္ဒအရလွင့်ထူ
ထားတာဖြစ်ကြောင်း၊ဖြုတ်ချမည့် ဆိုပါက ပြည်သူများ၏ဆန္ဒကိုမေးမြန်းရန်လိုအပ်
ကြောင်းပြန်လည်ပြောကြားခဲ့သည်၊ထိုအခါထိုဘီးလူးကောင်မှဆရာကြီးအား၅မိနစ်သာအ
ချိန်ပေးမည်ဖြစ်ကြောင်းပြန်လည်အမိန့် ပေးခဲ့သည်၊ဒီမိုကရေစီကိုချစ်မြတ်နိုးသောဆရာ
ကြီးသည်ပြည်သူဆန္ဒအမှန်ကိုသိရှိရန်၎င်း၏ဦးခေါင်းအားလှည့်၍ပြည်သူများအားမြေးမြန်း
မည်အပြုတွင်ပြည်သူဆန္ဒအမှန်ကိုမကြားချင်သောဘီးလူးကောင်သည်ဆရာကြီးခေါင်း
အားပစ်ထည့်လိုက်ပါတော့ သည်၊ထိုနေရာမှာပင်ဆရာကြီးသည်သွေးအလိမ့်လိမ့် ဖြင့်ကျ
ဆုံးခဲ့ ရပါသည်၊တချိန်တည်းမှာပင်၎င်း၏နောက်လိုက်များကလူထုအတွင်းဆက်တိုက်ပစ်
ခတ်သဖြင့် နောက်ထပ်ဆရာတစ်ဦးနှင့်အပြစ်မဲ့ ပြည်သူ၇ဦးကျဆုံးခဲ့ရပါသည်နုဝတစစ်ဘီး
လူးကောင်များသည်အသံကောင်းပာစ်လျက်သူတို့ဘဲတိုင်းပြည်ချောက်ထဲကျခါနီးကယ်
တင်ရှင်ကြီးများအဖြစ်ဖြင့်၎င်း၊ဒီမိုကရေစီလိုလာတောင်းဆိုသူများအားအမြဲတစေဆူပူ
လှုပ်ရှားသူများအဖြစ်သတ်မှတ်၍သုတ်တင်လျက်ရှိပါသည်ဆိုလိုသည်မှာဆရာကြီးသည်
သူတို့ ပြောသလိုလူဆိုးလည်းမပာုတ်ပါ၊အမှန်ကိုလိုလားသော၊ဒီမိုကရေစီကိုချစ်မြတ်နိုး
သောဆရာကြီးအဖြစ်ထားဝယ်မြို့ သူမြို့ သားများသိရှိကြပါသည်။
၈လေးလုံးနှစ်၂၀မြောက်တွင်ဦးလေးလည်းဖြစ်၊ဆရာလည်းဖြစ်တဲ့
ဆရာကြီးအားဦးညွှတ်လျက်
အောင်မော်