စစ်အစိုးရရဲ့ လတ်တလောမတရားအပြစ်ပေးမှူ့ သတင်းများကမ္ဘာတွင်ပြန့်နေ
နိုဝင်ဘာလ ၁၂ရက်နေ့ဖင်လန်နိုင်ငံထုတ် Helsingin Sanomat
သတင်းစာကြီးရဲ့ ပြည်ပသတင်းစာမျက်နှာတွင်` မြန်မာစစ်အစိုး
ရမှအတိုက်အခံများအားအပြစ်ပေးထောင်ချ၍ရှင်းလင်းနေ`ခေါင်း
စဉ်ဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ဓါတ်ပုံကြီးနှင့်တကွဖေါ်ပြထား
သည်ကိုတွေ့ရှိရပါသည်၊သတင်းတွင်မြန်မာပြည်၌စစ်အစိုးရကပြီး
ခဲ့တဲ့အ၀င်္ါ နေ့ကအစိုးရနှင့်သဘောထားကွဲသူများအားဖမ်းဆီး၍တ
ရားခံများဘက်မှကာကွယ်ပေးမည့်ရှေ့နေများမပါဘဲနှစ်ရှည်ထောင်
ဒါဏ်များချမှတ်ခဲ့ကြောင်းဖေါ်ပြထားသည်၊မနှစ်ကစက်တင်င်္ဘာလ
တွင်စစ်အစိုးရအားဆန်ကျင့်၍တက်ကြွစွာပါဝင်ဆန္ဒပြသူများထဲမှ၁၁
ယောက်အားထောင်ဒါဏ်၆၅နှစ်နှင့်အခြား၃ယောက်အားနှစ်ရှည်
ထောင်ဒါဏ်များချမှတ်လိုက်ကြောင်းဖေါ်ပြထားသည်၊ထိုအပြင်အဆိုး
ဝါးဆုံးမှာပာူ၍အင်းစိန်ထောင်တွင်အကျဉ်းကျခံနေရသော မနီလာသိန်း
နှင့်သူရဲ့ ခင်ပွန်းသည်ကိုကျော်မင်းယု၊၄င်းတို့ရဲ့ရင်သွေးငယ်ရဲ့အကြောင်း
ကိုပါဖေါ်ပြထားသည်ဘလော့ဝ်၀ါ ရှင်နေမျိုးကျော်အားလည်းနှစ်၂၀ကျော်
ချမှတ်လိုက်ကြောင်းလည်းဖေါ်ပြထားသည်၊ထိုအပြင်ဖင်လန်နိုင်ငံရှိအသံ
လွင့်ဌာနတခုဖြစ်သောYle radio မှဒီနေ့(၁၂၊၁၁၊၀၈)နေ့တွင်၎င်းသတင်း
အားတနာရီခြားတခါထုတ်လွင့်နေကြောင်းကြားသိရပါသည်၊၊
အောင်မော်