မင်းသမီး blog သည်သာမန် မှတ်တမ်း blog တခုသာဖြစ်ပါသည်


အစ္စရေး လေကြောင်း တိုက်ခိုက်မှု ဂါဇာတွင် လူ ၂၀၀ ကျော် သေဆုံး

ပါလက်စတိုင်းတွေရဲ့ ဒုံးကျည်တွေ၊ မော်တာတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာ ကမ်းမြှောင်က ပစ်မှတ်တွေကို အစ္စရေး လေတပ်ရဲ့ အက်ဖ် - ၁၆ လေယာဉ်တွေက မနေ့က ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အခုထိ သေဆုံးသူ အနည်းဆုံး ၂၂၅ ယောက် ရှိသွားပြီလို့ ပါလက်စတိုင်း ဒေသခံ ဆေးကုသရေး အဖွဲ့တွေက ဆိုပါတယ်။ အစ္စရေး လေတပ်ရဲ့ ဒုံးကျည်တွေက ဟားမက်စ် စစ်သွေးကြွတွေရဲ့ လုံခြုံရေး အဆောက်အဦတွေနဲ့ ချေကုပ်စခန်းတွေကို ထိမှန်ပြီး လူပေါင်း ၇၀၀ လောက်ဟာလည်း ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ ဂါဇာ ကမ်းမြှောင်က ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။